တရုတ်ပြည်သူသမ္မတနိုင်ငံမြောက်ပိုင်းက ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေ မြင့်တက်နေတက်လာနေတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော် မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်မှာ Covid-19 စည်းမျဉ်းတွေညဖြေလျော့ခဲ့တာ ကြောင့် တုပ်ကွေး၊ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ mycoplasma pneumoniae၊ RSVနဲ့ SARS-CoV-2 တို့ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်တွေ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့တာလို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ရက်နေ့မှာတော့ WHOက International Health Regulations ကနေတဆင့် လက်ရှိကူးစက်ခံနေရတဲ့ ကလေးတွေရဲ့ ရောဂါဖြစ်ပွားပုံနဲ့ ရောဂါလက္ခဏာတွေ၊ ဓာတ်ခွဲခန်းရလဒ်တွေကို တောင်းဆိုထားပြီး မကြာသေးခင်က ဖြစ်ခဲ့တဲ့ တုပ်ကွေး၊ mycoplasma pneumoniae၊ RSVနဲ့ SARS-CoV-2 တို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်းတောင်း ဆိုထားပါတယ်။ တရုတ်နိုင်ငံမှာ အောက်တို ဘာလလယ်ပိုင်းစပြီး တုပ်ကွေးနဲ့ ခပ်ဆင်ဆင်တူတဲ့ အဖျားရောဂါတွေ ဖြစ်ပွားမှုက တော်တော်လေး မြင့်တက်နေပါတယ်။
WHOကတော့ နောက်ထပ် အချက်အလက်တွေ မသိရသေးခင်အထိ တရုတ်နိုင်ငံမှာ နေထိုင်ကြသူတွေကို နောက်ထပ် အချက်အလက်တွေ မသိရသေးခင်အထိ ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံဖို့၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေကြဖို့၊ ဖျားနေရင် အိမ်မှာပဲ နားနေဖို့၊ ကျန်းမာရေး စစ်ဆေးကုသမှု ခံယူဖို့၊ အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်စည်း တပ်ဆင်ကြဖို့၊ လူများတဲ့ အလုံပိတ်နေရာတွေကို ရှောင်ကြဖို့ လက်ကို မကြာခဏဆေးကြောဖို့ အကြံပြုပြောဆိုထားပါတယ်။



