ဘေဂျင်း၊ စက်တင်ဘာ ၂၄
တရုတ်နဲ့ ရုရှားနည်းပညာသုံး မော်တော်ယာဥ်တွေ ရောင်းချတာကို ပိတ်ပင်ဖို့ အမေရိကန်က စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာအပြီး ကုမ္ပဏီများအပေါ် ခွဲခြားဆက်ဆံမှု မပြုဖို့ တရုတ်က အမေရိကန်ကို တနင်္လာနေ့ (စက်တင်ဘာ ၂၃)က သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဘလွန်းဘတ်ခ်နဲ့ တခြားမီဒီယာတွေဆီက သတင်းရင်းမြစ်တွေကို ကိုးကားပြီး သိရတာက အမေရိကန်ပြည် ထောင်စုက တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ဟာ့ဒ်ဝဲလ်နဲ့ ဆော့ဖ်ဝဲလ်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေကို တားမြစ်ပိတ်ပင်မယ့် စည်းမျဉ်းအသစ်တွေကို ရေးဆွဲနေတယ်လို့ သိရပါတယ်။
ထွက်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီရှန်းက “ဈေးကွက်မူကို လေးစားလိုက်နာဖို့၊ တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် ပွင့်လင်းမြင်သာမှုနဲ့ ခွဲခြားမှုမရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခုပေးဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းခဲ့တယ်” လို့ ဖြေခဲ့ပါတယ်။
“နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သဘောတရားကို ကျယ်ပြန့်အောင် လုပ်ဆောင်ပြီး တရုတ်ကုမ္ပဏီတွေနဲ့ ထုတ်ကုန်တွေကို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေကို တရုတ်က ကန့်ကွက်ပါတယ်” လို့ လီကက ပြောဆိုခဲ့ပါတယ်။
ဒီစည်းမျဥ်းတွေကိုသာ အတည်ပြုခဲ့ရင် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲက ပိုပြီး တင်းမာလာမယ်လို့ လေ့လာသူတွေက သုံးသပ်နေကြတယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ တရုတ်နိုင်ငံထုတ် ကားတစ်စီးကို တွေ့ရပုံ
Feature Image credit: The Economic Times



