တရုတ်နဂါးနှစ်နဲ့ ၂၀၂၄ခုနှစ်အတွက် ရာသီခွင်ကံကြမ္မာ

လာမယ့် ဖေဖေါ်ဝါရိ ၁၀ ရက် စနေန့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး နေ့ကတော့ နှစ်ဟောင်း ဖြစ်တဲ့ ၂၀၂၃ ယုန်နှစ်ကို နုတ်ဆက်အပြီး  တရုတ်ရာသီခွင် ၁၂ ရာသီထဲမှာ  တစ်ခုတည်းသော ဒဏ္ဍာရီလာ သတ္တဝါဖြစ်တဲ့ နဂါးနှစ်ကို ဝင်ရောက်ဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။

နဂါးနှစ်ရဲ့ ဟောကိန်းတွေအရကောင်းမွန်တဲ့  အစားအစာတွေ  စားသုံးရခြင်း၊ ပေးကမ်းခြင်း စတာတွေအပြင် ကောင်းချီးမင်္ဂလာတွေနဲ့ အတူ အခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ နှစ်သစ်ကူးနေ့ဟာ  လူအများအတွက်ကြယ်တွေက လမ်းပြပေးပြီး လမင်း ဆီမှာ သိမ်းဆည်းထားတဲ့ ကောင်းခြင်းတွေကို လိုက်လံ ရှာဖွေရမယ့် နှစ်လို့လည်း ဆိုထားပါတယ်။

အခြေခံအားဖြင့်တော့  လူအများစုက  တရုတ်ရာသီခွင်ပြက္ခဒိန်စက်ဝန်းကို ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက် ဆိုပြီး သိထားကြပါတယ်။

ကိုယ့်ရဲ့ မွေးသက္ကရာဇ် အလိုက်ကျရောက်တဲ့ ရာသီပြက္ခဒိန် စက်ဝန်းထဲက တိရစ္ဆာန်တွေဟာ အဲ့ဒိလူရဲ့ ကံကြမ္မာကို ဆုံးဖြစ်ပေးတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြတယ်။ ဒီတော့ ၂၀၂၄ခုနှစ်မှာ မွေးတဲ့ သူတွေက နဂါးရဲ့ နိမိတ်အောက်မှာပဲ ကံကြမ္မာ ကတည်နေမယ်လို့ ဆိုလို တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါက ရာသီခွင် ကံကြမ္မာ စစ်တမ်းရဲ့ အစပဲရှိပါသေးတယ်။ သစ္စာရှိနောက်လိုက်တွေအတွက် ဆိုရင်တော့ တစ်နှစ်မှာ ကျရောက်တဲ့ တိရစ္ဆာန်အမျိုးအစား တစ်ခုတည်းနဲ့ ခွဲခြား ဟောကိန်းထုတ်နိုင်တာ မျိုးမဟုတ်ပါ။ ကောင်းကင်က ပင်စည် ၁၀ ခုနဲ့  မြေကြီးပေါ်က  အကိုင်းအခက် ၁၂ ခု  ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးတဲ့ လိင်အင်္ဂါသံသရာတစ်ခုလည်း ရှိနေပါသေးတယ်။

နည်းနည်း ချဲ့ ပြောရရင် နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဒြပ်စင်ငါးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ပင်စည်ဟာ တရုတ်ရာသီခွင်တိရစ္ဆာန် ၁၂ ကောင်အနက်က တစ်ကောင်ကောင်ကို ကိုယ်စားပြုတဲ့  မြေကြီးကိုင်းတစ်ခုနဲ့ တွဲထားတယ်လို့ ဆိုလိုတာပါ။

အခုနှစ် ၂၀၂၄ကတော့  ယန်သစ်ကို ကိုယ်စားပြုတဲ့ ကောင်းကင်ပင်စည် “Jia” နဲ့ နဂါးကို ကိုယ်စားပြုတဲ့ မြေကြီးကိုင်း “Chen” တို့ကို ပေါင်းစပ်ထားတာလို့ သိရပါတယ်။ အဲ့ဒိအကြောင်းကိုက  ၂၀၂၄ ဟာ နဂါးနှစ်ဆိုပေမယ့် ရိုးရိုးနဂါးနှစ်မဟုတ်ဘဲ  Wood Dragon year သစ်နဂါးနှစ်ရယ်လို့ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။

ဒြပ်စင်တွေက ကိုယ်စားပြုတဲ့ အရာနဲ့  အချင်းချင်းအပြန်အလှန်ဆက်ဆံပုံအပေါ် မူတည်ပြီး ဇာတာရှင်တွေဟာ လာမည့် လတွေမှာထိုးထွင်းသိမြင်နိုင်တဲ့ စွမ်းအားတွေ ရလာမယ်လို့ ယုံကြည်ကြတယ်.

ကောင်းကင်ပင်စည်“Jia”က   သစ်သားကို ကိုယ်စားပြုပြီး နဂါးက မြေကြီးကို ကိုယ်စားပြုတဲ ၂၀၂၄ ကာလတစ်လျှောက်မှာ သစ်သား အမျိုးအစားဖြစ်တဲ့ စက်မှုလုပ်ငန်းတွေက မြေကြီး အမျိုးအစားရှိသူတွေကို ဖိနှိပ်ဖွယ်ရှိတယ်လို့ ဟောင်ကောင်က ရိုးရာပညာရှင်တစ်ယောက်က ပြောပါတယ်။  အကြောင်းက  “ဒြပ်စင်ငါးပါးမှာ သစ်သားက မြေကြီးကို ကန့်သတ်ထားတယ်” လို့ ဆိုထားတာကြောင့် ဖြစ်ပါတယ်။

သစ်နဂါးနှစ်ဟာ ယဉ်ကျေးမှု၊ ထုတ်ဝေခြင်း၊ ပန်းစိုက်ပျိုးထုတ်လုပ်ခြင်း စတာတွေအပါအဝင် ခိုင်ခံ့တဲ့သစ်သားပါဝင်မှုရှိတဲ့ စက်မှုလုပ်ငန်းများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း တွေ ကြီးပွားမယ့် နှစ်လို့ သိရပါတယ်။

တစ်ကယ်တော့ နဂါးဟာ ဘယ်လို ကောင်းကင်ပင်စည်နဲ့ တွဲနေပါစေ၊ မြင့်မြတ်တဲ့သတ္တဝါ အနေနဲ့ အာရှမှာ အလွန်ရေပန်းစားတဲ့  ရာသီခွင်တစ်ခုလည်း ဖြစ်ပါတယ်။

“နဂါးဟာ  ခိုင်မာပြီး ကြီးမြတ်တဲ့  ခေါင်းဆောင်မှုကို ကိုယ်စားပြု တယ်”လို့ လည်းယုံကြည်ကြပါတယ်။  ဒါကြောင့် ဒီနှစ်ထဲမှာ လူတော်တော်များများက နဂါးလေးတွေမွေးချင်နေကြတယ်” လို့  ဟောင်ကောင်က ရာသီခွင် ပညာရှင် ချောင် ကပြောပါတယ်။

နောက်ထပ်ဟောကိန်းတစ်ခုအရက

“ဒီနှစ်ဟာ  ကောင်းကင်မှာ ပျံသန်းနေတဲ့ ကြယ်ပျံ ကိုးစင်းရှိနေတဲ့အထဲက အဌမမြောက် ကြယ်စင်က ကမ္ဘာကြီးဆီကို ဝင်ရောက်လာတဲ့ နှစ်လို့ ဆိုကြပါတယ်။ ဒီအတွက် ဟောကိန်းရလဒ်ကတော့ ဒီလိုပါ။

“နံပါတ်ကိုးကြယ်က အမျိုးသမီးစွမ်းအင်ကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အမျိုးသမီးတွေက နေရာတော်တော်များများမှာ လွှမ်းမိုးသွားမယ်။  ဒါ့အပြင် နည်းပညာ၊ အနုပညာနဲ့ ဒီဇိုင်းလုပ်ငန်းအပြင် ဝိညာဉ်ရေးရာကိုလည်း ကိုယ်စားပြုပါသေးတယ်”လို့လည်း ချောင် က ပြောပါတယ်။

၂၀၂၄မှာ ခရီးသွားမယ့် သူတွေအတွက် ကတော့  အနောက်တောင်၊ အနောက်မြောက်နဲ့ အရှေ့ဘက်က နေရာတွေကို  အားပေးထားပါတယ်။

ကံမကောင်းတဲ့ အချက်တွေကတော့  နဂါးနှစ်ဖွားသူတွေ အဖို့ ဒီနှစ်မှာ အနှောက်အယှက်ပေါင်းစုံ တွေ့ရမှာ ဖြစ်ပြီး မျှော်လင့်မထားတဲ့ အပြောင်းလည်းတွေလည်း ကြုံရမယ်လို့ ဟောကိန်းတွေက ဆိုပါတယ်။

ဒီတော့  “နှိမ့်ချပြီးရင်း နှိမ့်ချနေမယ်ဆိုရင် အကောင်းဆုံးတွေ ရလာမယ့် ကောင်းတဲ့နှစ်ပါ။ မင်းကြိုးစားတဲ့ အလုက်ကပိုကြီးလေ ပိုမြင့်လေလေ မင်းကို ပိုခက်လေလေပါပဲ။” လို ဆိုပါတယ်။

 နောက်ထပ် မကောင်းတဲ့ အချက်တစ်ခုက လုပ်ငန်းခွင်မှာ အရင်နှစ်တွေကထက် ပြိုင်ဆိုင်မှုတွေ ပိုရလာသလို ငွေကြေးကလည်း အရင်ကလို လွယ်လွယ်နဲ့ မရတော့ဘူး။

“ခက်ခဲတဲ့နှစ်ဖြစ်လို့ ပိုက်ဆံစုဖို့ ကြိုးစားပါ” လို့ ချောင် ကပြောပါတယ်။  “ကံကောင်းတဲံဖြစ်ရပ်တစ်ခု ဟာ  ဘေးအန္တရာယ်သုံးခုကို ချေဖျက်လိမ့်မယ်” လို့ သူမက တရုတ်ရှေးစကားကို ကိုးကားပြီး လည်း’ ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ ၂၀၂၄ တရုတ်နဂါးနှစ်ရဲ့ ရာသီခွင် ဟောကိန်းတွေကို အတန်အသင့် တီးခေါက်မိပြီဖြစ်ပါတယ်။ နှစ်သစ်ကစလို့ အားလုံး ကောင်းမွန်တဲ့ ကံကြမ္မတွေနဲ့ ဆက်တိုက် ထိတွေ့ ကြုံဆုံ နေရဖို့ မျှော်လင့်ပါတယ်။

ကိုးကား။ Chinese zodiac fortune predictions: What’s in store for the Year of the Dragon (CNN 9th Feb, 2024) ဆောင်းပါးကို ဘာသာပြန်ဆို ကိုးကားဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Visited 46 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *