တရုတ်ငလျင် သေဆုံးသူ ၁၁၁ ဦးအထိမြင့်တက်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် လူမျိုးစုခရိုင်တစ်ခုတွင် ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်ယံအချိန်က အဆင့် ၆.၂ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကန်းစုပြည်နယ်နှင့် အနီးဝန်းကျင် ချင်းဟိုင်ပြည်နယ်၌ လူပေါင်း ၁၁၁ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ငလျင်သည် ဒီဇင်ဘာ ၁၈ ရက် ည ၁၁:၅၉ နာရီက မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် နေအိမ်များ၊ လမ်းများနှင့် အခြားအခြေခံအဆောက်အအုံများ ပျက်စီးသွားခဲ့ရသည်။

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *