ဘေကျင်း၊ ဒီဇင်ဘာ ၂၁
ဒီဇင်ဘာ ၁၈ရက် တနင်္လာနေ့နှောင်းပိုင်းက အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်လှုပ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီဇင်ဘာ ၁၉ရက် ညနေ ၃နာရီမှာ ပြီးဆုံး ပါပြီလို့ တရုတ်မီဒီ ယာ တွေက ဖော်ပြလိုက်ပြီးတဲ့နောက် လူတစ်ဒါဇင်လောက် ပျောက်ဆုံးနေဆဲ အပေါ် ဝိုင်းပြီး မေးခွန်းထုတ်နေကြတယ်လို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဂန်ဆုနဲ့ ကျင်ဟိုင်းစတဲ့ နေရာတွေမှာ ဒီဇင်ဘာ ၁၉ရက် ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီ အထိ လူ ၁၁၅ ယောက် သေဆုံးပြီး ၇၈၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂန်ဆုမှာ ဘယ်လောက်သေတယ်ဆိုတာ မသိရပေမယ့် ကျင်းဟိုင် မှာတော့ ဒီဇင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့ ည ၈:၅၆ နာရီ အထိ ထပ်ပြီး သေဆုံးသူ ဦးရေ ၂၂ယောက် ရှိပြီး ဒဏ်ရာရသူ ၁၉၈ ယောက်ရှိပါတယ်။ ၁၂ ယောက်က တော့ ပျောက်ဆုံးနေ ဆဲ လို့ သိရပါတယ်။
ဂန်ဆုမှာ အိမ်ခြေ ၂၀၇၀၀၀ ကျော် ပျက်စီးခဲ့ပြီး ၁၅၀၀၀ နီးပါး ပြိုကျခဲ့လို့ လူပေါင်း လူပေါင်း ၁၄၅၀၀၀ ကျော် နစ်နာဆုံးရှုံး ခဲ့ရပါတယ်။
အွန်လိုင်းဆွေးနွေးမှုတွေမှာ ကယ်ဆယ်ရေးတွေ ပြီးဆုံးသွားတာ နဲ့ ပတ်သက်ပြီး ဝိုင်းဝန်ဝေဖန်နေကြတယ် အပေါ် ဆိုရွား တဲ့ ရာသီဥတု ကြောင့်လို့ ကောက်ချက်ချနေသူတွေလည်းရှိနေပါတယ်။ ကယ်ဆယ်ရေးကာလ ၇၂နာရီသာ ရှိတဲ့အပေါ် လည်း မေးခွန်တွေ ထွက်ပေါ်နေပါတယ်။
အပျက်အစီးတွေအောက်မှာ ကြာရှည်စွာ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နဲ့ ထိတွေ့နေရသူတွေ အဖို့ ထိခိုက်ဒဏ်ရာရခဲ့ရင်တောင် ငါးနာရီကနေ ၁၀နာရီ အထိ အသက်ရှင်နိုင်သေးတယ်လို့ သုတေသီတွေရဲ့ အယူအဆကို ကိုးကားပြီးလည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြနေကြတယ်လို့ သိရပါတယ်။
Ref: Reuters/ga/rc
ပုံစာ။ ကယ်ဆယ်ရေးလုပ်ဆောင်နေကြပုံ
photo Image Credit :China Daily via REUTERS



