တရုတ်ကုမ္ပဏီတွေအတွက်  AI လျှို့ဝှက်ချက်တွေ ခိုးယူခဲ့တဲ့ ဂူဂဲလ် အင်ဂျင်နီယာဟောင်း တရားစွဲခံရ

ဆန်ဖရန်စ္စကို၊ မတ် ၆

ဂူဂဲလ်ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဟောင်းတစ်ယောက်ဟာ  တရုတ်ကုမ္ပဏီနှစ်ခုအတွက်   ဥာဏ်ရည်တုဆိုင်ရာ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေကို ခိုးယူမှုနဲ့  ကယ်လီဖိုးနီးယား တရားရုံးမှာ  စွဲချက်တင်ခံလိုက်ရတယ်လို့ သိရပါတယ်။

လီယွန်ဒင် ဆိုပြီးလည်း လူသိများတဲ့ အဲဒိ အင်ဂျင်နီယာကို  ဆန်ဖရန်စစ္စကို ဗဟိုဂျူရီအဖွဲ့က မတ် ၆ရက် အင်္ဂါနေ့မှာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှု လေးခုနဲ့  တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တရုတ်အမျိုးသားကို ကယ်လီဖိုးနီးယားပြည်နယ်ထဲက သူ့နေအိမ်မှာ ၆ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့တာပါ။ လောလောဆယ်တော့  သူ့အတွက် ရှေ့နေ မရှိသေးလို့ဆိုပါတယ်။

တရုတ်နဲ့ ရုရှား တို့လို  နိုင်ငံတွေအနေနဲ့   အဆင့်မြင့်နည်းပညာတွေ  ခိုးယူနေတာကို ရပ်တန့်ဖို့ အမေရိကန် ကသတိပေးထားပါတယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့  အလားအလာရှိတဲ့  နိုင်ငံတွေကို တန်ပြန်ဖို့ ဘိုင်ဒန်အစိုးရက အပြန်အလှန် အနှောင့်အယှက်ပေးတဲ့ နည်းပညာ တိုက်ခိုက်မှုတပ်ဖွဲ့ကို ဖန်တီးပြီးတဲ့ နောက် မကြာခင်ပဲ လီယွန်ဒင်ရဲ့ အမှုကို ဖော်ထုတ်ရမိခဲ့တာ ဖြစ်ပါတယ်။

စွဲချက်တင်ချက်အရ လီယွန်ဒင်ဟာ  ဂူဂဲလ်ရဲ့ စူပါကွန်ပြူတာဒေတာစင်တာတွေမှာရှိတဲ့ ကြီးမားသော AI မော်ဒယ်လ်တွေကို လေ့ကျင့်ပေးနိုင်တဲ့  ဟာ့ဒ်ဝဲအခြေခံနည်းပညာနဲ့  ဆော့ဖ်ဝဲပလက်ဖောင်းအကြောင်း အသေးစိတ်အချက်အလက်တွေကို ခိုးယူခဲ့တာ လို့ သိရပါတယ်။

ခိုးယူခံရတဲ့ အချက်အလက်တွေက ချစ်ပ်တွေ အပြင်  စနစ်တွေ အကြောင်းအသေးစိတ်အချက်တွေ ပါဝင်ပြီး “စက်သင်ယူမှုနဲ့ AI နည်းပညာရဲ့  စူပါကွန်ပြူတာတစ်လုံးအထိ စွမ်းဆောင်နိုင်တဲ့  ဆော့ဖ်ဝဲ တွေပါ ပါဝင်တယ်ဆိုကာ တရားရုံးက စွဲချက် တင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters/fs/mi

ပုံစာ။ ဆန်ဖရန်စ္စကိုက ဂူဂဲလ်နည်းပညာဌာနရုံး

Feature Image credit: REUTERS/Dado Ruvic/Illustration)

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *