၁၆ နိုဝင်ဘာ၊၂၀၂၃
တရုတ်က ဝရမ်းထုတ်ထားသည့် ကိုးကန့်ဒေသဦးစီးအဖွဲ့ ခေါင်းဆောင်ဟောင်း မြင်ရွှေချမ်း(ခ)မင်ရှောက်ချန်း၊ သားဖြစ်သူ မင်ကော်ဖျင်နှင့် မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့အား လောက်ကိုင်မြို့တွင် ယနေ့ မနက်က ဖမ်းမိခဲ့ပြီဖြစ်၍ တရားဥပဒေအရ အရေးယူနိုင်ရန် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု နစက ကသတင်းထုတ်သည်။
တရုတ်အစိုးရက နိုဝင်ဘာ ၁၂ ရက်က ၎င်းတို့အား ဖမ်းဝရမ်းထုတ်ထားသလို နစကဘက်ကလည်း ထပ်ဆင့်ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖမ်းမိသည့်ထဲ မြင်ရွှေချမ်း၏သမီးဖြစ်သည့် မင်ကျွီလန် ပါဝင်ခြင်း မရှိသေးပေ။
Visited 28 times, 1 visit(s) today



