တရားသူကြီးရဲ့ စီရင်ချက်က သမ္မဟောင်း ဒေါ်နယ် ထရန့် ရဲ့ စီးပွားရေးအင်ပါယာကိုပါ ခြိမ်းခြောက်နေတယ်လို့ဆို

နယူးယော့ခ်၊ စက်တင်ဘာ ၂၈

၂၀၁၆ ရွေးကောက်ပွဲအတွက် သူ့ရဲ့စီးပွားရေးယုံကြည်စိတ်ချရမှုကို မဲဆန္ဒရှင်တွေ သိသာအောင်လုပ်ခဲ့တဲ့ သူ့ရဲ့ စီးပွားရေးကော်ပိုရိတ်အင်ပါယာ ဟာ လိမ်လည်လှည့်ဖြားတွေမှာ  ပါဝင်ပတ်သက်နေတယ်လို့  တရားသူကြီးက စက်တင်ဘာ ၂၆ ရက်မှာ စီရင်ဆုံးဖြတ်ချလိုက်ပြီးတဲ့နောက် အခုအချိန်မှာ ထရန့်ရဲ့ စီးပွားရေးတွေကိုပါ ခြိမ်းခြောက်ခံနေရပြီလို့ အကဲခတ်သူတွေက ပြောပါတယ်။

ဒီစီရင်ချက်ဟာ လာမယ်တနင်္လာနေ့ အောက်တိုဘာ၂ရက်နေ့မှာ ရုံးတင်စစ်ဆေးမယ့်နယူးယောက်ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ် ကိုင်တွယ်နေတဲ့ သမ္မဟောင်းအပေါ်စွဲဆိုထားတဲ့ လိမ်လည်မှုတွေထဲက အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့တရားသူကြီး  ဂျိမ်းစ် ဟာ ဘဏ်တွေနဲ့ သေသေချာချာချာ ညှိနှိုင်းပြီး Trump Tower အပါအဝင်  အခြားပိုင်ဆိုင်မှုတွေကို  စနစ်တကျတန်ဖိုးဖြတ်သတ်မှတ်နေတယ်လို့ ဆိုပါတယ်။

တရားသူကြီးရဲ့  ကနဦးဆုံးဖြတ်ချက်တွေထဲမှာ အထင်ကရ ဖြစ်တဲ့ Trump Towerသာမက အခြားစားသောက် ဆိုင်တွေအပါအဝင်  စျေးဆိုင်တွေရဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေနဲ့ ပတ်သက်ပြီး ထရန့်အနေနဲ့ ငြိစွန်းနေတဲ့ ကွင်းဆက်တွေကို ဖော် ထုတ်နေတာလည်း ဖြစ်ပါတယ်။

အခုလို တရားသးကြီးရဲ့ ဆုံးဖြတ်ချက်က ရီပတ်ဘလစ်ကန် ဘီလျံနာကြီး ထရန့်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် တစ်ခုဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာကျော် ဖော့ဘ်မဂ္ဂဇင်းရဲ့ ဖော်ထုတ်ချက်အရအသက် ၇၇ နှစ်အရွယ်ရှိ နယူးယောက်အိမ်ခြံမြေ သူဌေးကြီး ထရန့်ဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ အထိရှိတယ်လို့ သိရပါတယ်။

Ref: AFP/fs

ပုံစာ။ သမ္မဟောင်း ဒေါနယ် ထရန့်

Feature  Image Credit:  Drew Angerer/Getty Images

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *