တရားဝင်တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခံရဖို့

အိနိ္ဒယနိုင်ငံမဏိပူရပြည်နယ်မှာ ဖြစ်ပွါးတဲ့မယ့်တယ်နဲ့ ကူကီးတိုင်းရင်သားအုပ်စုနှစ်စု အကြားရန်စောင်တိုက်ခိုက်နေကြတဲ့ ပြဿနာ အခုထိပြေလည်ပြီးဆုံးခြင်းမရှိသေးဘူးလို့ ဆိုတယ်။ ကြားဝင်ဖြေရှင်းပေးမယ့် အဖွဲ့အစည်းရှိမှသာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရပ်တန့်သွားမယ်လို့ ပြည်တွင်းလေ့လာအကဲခတ်သူတွေက ရှုမြင်ကြတယ်။

မကြာသေးမီက ချူရာချန်ပူရနယ်ထဲမှာရှိတဲ့ ကူကီးကျေးရွာတစ်ရွာမှာ အောက်မေ့ဆုတောင်းပွဲကျင်းပတယ်။ တိုက်ခိုက်မှုတွေမှာသေဆုံးခဲ့သူတွေအတွက် ခရစ်ယာန်ဘာသာရေးအစဉ်အလာအရ ဆုတောင်းကြတာဖြစ်တယ်။

သူတို့တိုင်းရင်းသားဓလေ့ထုံးစံအတိုင်း မျက်နှာမှာဆေးရောင်ခြယ်တဲ့အခါ လူငယ်လူရွယ်တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ အလံပုံပေါ်အောင် ဖန်တီးပြီး ဆုတောင်းပွဲလာရောက်ကြတဲ့ ကူကီးလူငယ်တပ်ဦးအဖွဲ့ဝင်တွေဟာ ဘာလက်နက်မှ ကိုင်ဆောင်မထားကြဘူး။

လွတ်လပ်ရေးကို ပေးပါ ပေးပါ။ မယ့်တယ်တွေလက်အောက်က လွတ်လပ်ရေး ပေးပါပေးပါ၊ မဏိပူရကလွတ်လပ်ရေး ပေးပါပေးပါ လို့ အဲဒီဆုတောင်းပွဲမှာ ကြွေးကြော်တောင်းဆိုခဲ့ကြတယ်။

သူတို့အနေနဲ့ အိနိယနိုင်ငံရဲ့ တရားဝင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံရဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ တပ်ဦးခေါင်းဆောင်တစ်ဦးက ပြောတယ်။

Ref: BBC

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *