ထိုင်းနိုင်ငံအတွင်း တရားမဝင်မြန်မာနိုင်ငံသားများ တင်လာသည့် ယာဉ်ကို စစ်ဆေးရေးဂိတ်က စစ်ဆေးရန် တားဆီးသော်လည်း စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
မေလ ၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာထိဝပ်ခရိုင်၊ ယီငေါ်မြို့နယ်၊ သပေါယော့ကျေးရွာ၊ဗလီတစ်ခုရှေ့၌ တရားမဝင်မြန်မာအလုပ်သမားများကို ပို့ဆောင်သည့် ယာဉ်တစ်စီးကို ထိုင်းနိုင်ငံ၊ နရာထိဝပ်ခရိုင်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် လိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသား ၁၃ ဦးထဲက ၂ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်ခြင်း ဖြစ်ပြီး ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြသူများ ဖြစ်ကြောင်း သိရသည်။



Visited 13 times, 1 visit(s) today



