မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန် သွယ်မှုများ ကြီးထွားလာမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှု ဖြစ်ပေါ်နေပြီး ထိန်းကျောင်းရန်အတွက် အထူးစစ်ဆေးရေးအဖွဲ့ဖွဲ့၍ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ရှာဖွေ ဖော်ထုတ် အရေးယူလျက်ရှိကြောင်း သြဂုတ်လ၁၉နေ့က နေပြည်တော်ရှိ မြန် မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်း မ တွင် ကျင်းပသည့် နိုင်ငံခြားငွေလဲလှယ် နှုန်းထားများ အလွန်အမင်း မြင့်တက်နေ ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့နှင့်ပုဂ္ဂလိကဘဏ်များ တွေ့ဆုံခဲ့အစည်းအဝေး၌ ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကုန်သည် စက်မှု အသင်းချုပ်မှအထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်မှ လက်ရှိပြင်ပ၌ ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ် နှုန်းသည် ဖြစ်သင့် ဖြစ်ထိုက်သည့်ဈေး နှုန်းထက် လွန်ကဲစွာ ဖြစ်ပေါ်နေခြင်းကို တွေ့ရှိရကြောင်း၊ ပုံမှန်အားဖြင့် ငွေလဲ လှယ်နှုန်းများမှာ ရောင်းလိုအား၊ ဝယ် လိုအားပေါ်မူတည်ပြီး အတက်အကျ အ ပြောင်းအလဲရှိနိုင်သော်လည်းယခုလို အလွန်အမင်း မြင့်တက်နေခြင်းကိုမိမိတို့ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေ ဖြင့် မလိုလားပါကြောင်းနှင့် လက်ခံနိုင် စရာမရှိပါကြောင်း၊အသင်းချုပ်အနေဖြင့် လည်း ဈေးကွက်ပေါ်အခြေခံပြီး ဖြစ်သင့် ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရေးကိုသာ ရပ်တည်ထားပါကြောင်း၊ထို့အပြင် အချို့ သော သွင်းကုန်လုပ်ငန်းရှင်များမှာ ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့်ရောင်းချပေးသည့် ၂၉၂၀ ကျပ်နှုန်း ဖြင့် ဝယ်ယူရရှိထားသော်လည်း ပြင်ပ တွင် ဖြစ်ပေါ်နေသည့်အလွန်အမင်းမြင့် မားသောနှုန်းထားဖြင့်နေ့စဉ်တွက်ချက် ပြီး ပြန်လည်ရောင်းချနေခြင်းမှာ စားသုံး သူ ပြည်သူများအပေါ် ကြီးမားသောအခက် အခဲဖြစ်စေပါကြောင်း၊စားသုံးသူများကို ထိ ခိုက်စေမည့် ကျင့်ဝတ်နှင့် မလျော်ညီ သောအကျိုးအမြတ်ရယူခြင်းမျိုးဖြစ်ကြောင်း၊ယင်းကိစ္စများအတွက် မိမိတို့ကုန်သည် စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်း အဖွဲ့များ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် တက်ရောက် လာသူ များမှ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့် တက်နေရခြင်း အကြောင်းအရင်းနှင့် နောက်ဆက်တွဲ အလားအလာများ၊ ဖြစ် သင့်ဖြစ်ထိုက်သည့် နှုန်းထားများ၊ ငွေ လဲလှယ်နှုန်းတည်ငြိမ်စေနိုင်ရေးဆောင်ရွက်သင့်သည် လုပ်ငန်းစဉ်များ နှင့်သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ် ငန်းရှင်များမှပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။