ဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟု ဦးဆောင်ပြီးပြင်ဆင်ခဲ့တဲ့ တရားစီရင်ရေး ဆိုင်ရာ ဥပဒေကြမ်းကို ဇူလိုင် ၂၄မှာ အစစရေးကနက်ဆက်လွတ်တော်က အတည်ပြုလိုက်ပြီ။
လမ်းတွေပေါ်ထွက်ပြီး လူတွေသိန်းနဲ့ချီ ကန့်ကွက်ကြပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ ရေအမြောက်တွေနဲ့ မရမကအင်အားသုံးလူစုခွဲပြီး အဲဒီဥပဒေ ကြမ်းကို မဖြစ်ဖြစ်အောင် အတည်ပြုလိုက် တာဖြစ်တယ်။ မဲခွဲဆုံးဖြတ်တော့ ထွက် ပေါ်လာတဲ့ ရလဒ်က ထောက်ခံသူ ၆၄ဦး ကန့်ကွက်သူမရှိတာ တွေ့ရတယ်။
ကနက်ဆက်လွှတ်တော်မှာ အတည် ပြုလိုက်တဲ့ ဒီဥပဒေက တရားချုပ်အနေနဲ့ အစ္စရေးအစိုးရရဲ့တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက် ခြင်းရှိတော့မှာ မဟုတ်လို့ လူတွေသိန်း နဲ့ချီအုံကြွပြီး ကန့်ကွက်နေတာလို့ ဆိုတယ်။
နှလုံးပိုက်ထည့်ပြီးဆေးရုံကဆင်းလာတဲ့လက်ရှိအာဏာရဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု အနေနဲ့ သူမျှော်လင့်တဲ့ သတင်းကောင်းကို ကြားလိုက်ရတယ်။
ဝန်ကြီးချုပ်ဟောင်း ယာလပစ်က ဆန့် ကျင်ကန့်ကွက်သူတွေထဲမှာပါတာဆို တော့ ဒီဥပဒေကြမ်းကို ဥပဒေအဖြစ်အ တည်ပြုပြဌာန်းခြင်းမပြုမီ ဇူလိုင်၂၅မှာ တရားရုံးချုပ်ကို ကန့်ကွက်လွှာပို့ပြီး ရ အောင်တားမယ်လို့ ပြောတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တားတာကိုတောင် လစ်လျူရှုပြီးရှေ့ဆက်သွားခဲ့တဲ့ ဘင်ဂျမင်နက်တန်ယာဟု နောက်ဆုံးမှာ နိုင်မလားရှုံးမလား သိဖို့ ဆက်လက် စောင့်ကြည့်ရပါလိမ့်မယ်။
Ref: CNN