မြန်မာလူငယ်များ ပြည်ပထွက်လိုမှု များပြားလာလို့ သံရုံးတွေတောင် မနိုင်မနင်းဖြစ်နေ
၁ မတ်၊၂၀၂၄
ဂျပန်နိုင်ငံကို မြန်မာတွေ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု တစ်နေ့တစ်ခြား များပြားနေတာကြောင့် ဗီဇာလျှောက်ထားသူတွေအနေနဲ့ တယ်လီဖုန်းနဲ့ ကြိုတင်ရက်ချိန်းရယူခြင်းမရတော့ဘဲ
အီးမေးလ်နဲ့ပဲ လျှောက်ကြဖို့ ဂျပန်သံရုံးက ဒီနေ့အသိပေးထားပါတယ်။
တယ်လီဖုန်းနဲ့ ကြိုတင်ရက်ချိန်းယူတာကို ခေတ္တခဏ ရပ်နားလိုက်တာပါ။
အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်ပေမယ့် အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမှာကြောင့် စိတ်မပူကြဖို့လည်း ဂျပန်သံရုံးက မေတ္တာရပ်ခံထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
တယ်လီဖုန်းနဲ့ ပြည်လည်ရက်ချိန်းရယူနိုင်မယ့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားမယ်လို့ သိရပါတယ်။
ဂျပန်လိုပဲ ထိုင်းကလည်း ဗီဇာယူသူများပြားလွန်းလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ဝ က လူတန်းစီ ဗီဇာရက်ချိန်းရယူမှုကို ဖျက်သိမ်းပြီး အဲ့အစား အီးမေးလ်နဲ့ ရက်ချိန်းရယူတာကို ပြောင်းလဲခဲ့ရပါတယ်။



