တပ်မတော်လေ့ကျင့်ရေးရဟတ်ယာဉ် ပျက်ကျ၍ နှစ်ဦး ကွယ်လွန်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလေ့ကျင့်နေသော တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်တွင် ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ ကွယ်လွန်ကာ ရဟတ်ယာဉ်ပျက်စီးခဲ့ရကြောင်း၊ရုပ်အလောင်းများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။