တပ်မတော်ထောက်ခံအားပေးသူ အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရ

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ရှင်းလမ်း၊ တိုက်(က/၂၆၅၊ အခန်း-၇) ရှေ့မှာ မေလ ၃၀ရက် ည၇နာရီကျော်က အဆိုတော်လီလီနိုင် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မေလ၃၀ရက် ည၇နာရီ၅မိနစ်က ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ရှင်း လမ်း၊တိုက်(က/၂၆၅၊ အခန်း-၇) ရှေ့မှာ အဆိုတော် မလီလီနိုင်ကျော်(၅၈နှစ်)ဟာ ယာဉ်အမှတ် YGN 2I-4574 Nissian PINO အပြာနုရောင်ယာဉ်နဲ့ အပြင်ကနေ နေအိမ်ကိုပြန်လာပြီး ကားပေါ်မှ ဆင်းဖို့ ပြင်ဆင်နေချိန် လမ်းလျှောက်လာတဲ့ လူ (၁)ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မလီလီနိုင်ကျော်မှာ ယာပါး(ယာနားထင် အနီး)ထိမှန်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုတော်လီလီနိုင်ကျော်မှာ ပြီးခဲ့တဲ့ NLD အစိုးရလက်မှာတပ်မတော်ထောက်ခံပွဲများမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လေ့ရှိသူ ဖြစ်ပြီးတပ်မတော်အားပေးထောက်ခံသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *