နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ကင်းသာကျေးရွာက ကင်းသာ(၂)ကုန်ထုတ်စခန်းကနေ အောက်တိုဘာ လ၁၇ရက်နေ့ညနေပိုင်းက အကျဥ်းသား(၇)ဦး ထွက် ပြေးလွတ်မြောက်သွားခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ထွက်ပြေးသွားတဲ့အကျဥ်းသား(၇)ဦးအနက် (၃)ဦးဟာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတွေ ပါဝင်နေပြီး လူ သတ်မှု၊မုဒိန်းမှု၊မူးယစ်မှု စတဲ့ ရာဇဝတ်မှုတွေနဲ့ အ ကျဥ်းကျခံနေသူတွေဖြစ်တယ်လို့ သိရပါတယ်။
Visited 5 times, 1 visit(s) today