တပ်ကုန်းမြို့နယ်မှာ ရေကန်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသား(၁)ယောက် ရေနစ်သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆရာ စံရပ်ကွက်၊ အောင်ကြီးရေကန်အတွင်း ရေဆင်းချိုးခဲ့တဲ့အမျိုးသားတစ်ယောက်ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဇွန်လ ၆ရက်နေ့ မွန်းလွဲ ၁၂နာရီ၂၂မိနစ်က ဖြစ်ပွားခဲ့ပါတယ်။

ရေနစ်မှုဖြစ်ပွားရာကို တပ်ကုန်း မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ် ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ပေမယ့် ရုပ်အ လောင်းကိုသာ ဆယ်ယူရရှိခဲ့တယ် လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားသူရဲ့ရုပ်အလောင်းကို လူနာတင်ယာဉ်နဲ့ တပ်ကုန်းကုတင်(၁၀၀) ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ် လို့လည်း သိရပါ တယ်။

Visited 37 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *