တန့်ဆည်မြို့မှာ တပ်မတော်နဲ့PDFတပ်ဖွဲ့တွေအကြားတိုက်ပွဲများ ပြင်းထန်

စစ်ကိုင်းဒေသကြီး၊တန့်ဆည်မြို့မှာ နိုဝင်ဘာလ၂၈ရက်ည၁၁နာရီကျော် ကတည်းက တပ်မတော်နဲ့PDFတပ်ဖွဲ့တွေကြားမှာတိုက်ပွဲများ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေနတ်သံတွေကတော့ တောက်လျောက်ကြားနေရတယ်။မနေ့ညကတည်းက ဖြစ်နေတာ။မြို့ထဲကလူတွေက တော့ မြို့ပြင်စစ်ဘေးလွတ်နိုင်မယ့်နေရာတွေကို ထွက်ပြေးကုန်ကြပြီ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းများအရကတော့ တပ် မတော်က ခြေကုပ်ယူထားတဲ့ တန့်ဆည်မြို့မရဲ စခန်းကို PDFတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သ တင်းများ ထွက်ပေါ်နေပါတယ်။

အချို့သတင်းများမှာတော့ တန့်ဆည်မြို့မရဲစခန်းကို တပ်မတော်က ခြေကုပ်ရယူထားပြီး PDFတပ်ဖွဲ့တွေကို လက်နက်ကြီးများ၊လေကြောင်းပစ်ကူများနဲ့ပါ တိုက် ခိုက်နေတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *