ရန်ကုန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေးဘူတာရုံအနီးရှိ ကျောင်းတိုက်ဝန်းအတွင်း တည်ဆဲ နဂါးရုံဘုရား ယနေ့၂၀၂၃ ဩဂုတ်၂၅ရက် နံနက် (၁၀) နာရီခွဲ အချိန်ခန့်က ပြိုကျမှုဖြစ်ပွါးခဲ့သည်။



အဆိုပါဖြစ်ရပ်ကြောင့် အပျက်အစီးများအောက်တွင် လူပိမိနေသည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။


