မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ နန်းတော်ဦးဘုန်းကြီး ကျောင်းဝင်း၊တစ်ပါးစံကျောင်းဆောင်တွင်ဇွန်လ (၂၄) ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကာသက်တော် (၇၃) နှစ်အရွယ် ရှိ သံဃာတစ်ပါး မီးခိုးမွှန် ပျံလွန်တော်မူခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
“ဆရာတော်က ကျောက်ကပ်ဝေဒနာ ခံစားနေရပြီး လမ်းမလျောက်နိုင် ဖြစ်နေတာကြောင့် အသက်ဆုံးရှူံးရတာပါ”ဟု ဒေသတွင်း လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။သထုံမြို့နယ်မီးသတ်ဦးစီးမှုး၏ပြောပြချက်အရဆရာတော်သည် တစ်ပါးနေကျောင်းဆောင်တွင် သတင်းသုံးနေထိုင်သူဖြစ်ပြီး အိပ်ယာဘေးတွင် လျှပ်စစ်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများစွာ ထားရှိသည်ကိုတွေ့ရကြောင်း၊ ရေနွေးအိုးပလပ်ခေါင်းမှတစ်ဆင့် အပူလွန်၍ အနားရှိသင်္ဃန်းနှင့် တရားစာအုပ်များကို ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

