တစ်ညလုံး မိုးရေချိန် ၂၀၀ မီလီမီတာ ရွာသွန်းပြီးနောက် စင်္ကာပူက ကမ္ဘာ့အမျိုးသမီးချန်ပီယံ ဂေါက်သီးပြိုင်ပွဲတချို့ ဖျက်သိမ်း


စင်္ကာပူမှာ မိုးသည်းထန်နေပုံ
Photo Credit: (File photo: CNA/Gaya Chandramohan)

စင်္ကာပူ၊ မတ် ၁

စင်္ကာပူနိုင်ငံက နေရာအတော်များများမှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ HSBC Women’s World Championshipရဲ့ ပွဲစဥ် တချို့ကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။ မိုးလေဝသဌာနရဲ့ တိုင်းထွာချက်အရက တစ်ညလုံးရွာခဲ့တဲ့ မိုးဟာ မိုးရေချိန် ၂၀၀မီလီမီတာ( ၇ ဒသမ ၈ လက်မ ) လောက်အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးစဲ သွားတဲ့ ဒီနေ့ မနက်မှာတော့ အပူချိန်ဟာ ၂၁ဒသမ၁ ဒီဂရီစင်တီဂရိတ် အထိကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။

အခုဖျက်သိမ်းလိုက်ရတဲ့ ပွဲဟာ နာမည်ကြီး ဂေါက်သီးပြိုင်ပွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ကမ္ဘာ့အဆင့် အမျိုးသမီး ချန်ပီယံ လုပွဲလည်းဖြစ်တာမို့ နာမည်ကြီး ဂေါ်လဖာတွေ ယှဥ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ နဂိုမူလ ပွဲအချိန်ဇယားက ၂၀၂၃ မတ်လ ၁ရက်ကနေ ၅ရက်နေ့ အထိကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

စင်္ကာပူမိုးလေဝသဌာန မိုးလေဝသသတင်းဝက်ဘ်ဆိုက်ရဲ့  ထုတ်ပြန်ချက်အရ ပြိုင်ပွဲ ကျင်းပမယ့် ဆန်တိုဆာ ကျွန်းမှာ လည်း ပြီးခဲ့တဲ့ ၁၂ နာရီအတွင်းမှာ စုစုပေါင်းမိုးရေချိန် ၁၄၀ ဒသမ ၉ မီလီမီတာရှိခဲ့တယ်လို့ မိုးလေဝသဌာန က ကြေငြာထားပါတယ်။

Ref: CNA


ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နာမည်ကြီး ဟောင်ကောင် ဂေါက်သီးမယ် တစ်ဖနီ ချန်း
photo Credit: Talter
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *