တစ်ကမ္ဘာလုံး ပေါက်ခဲ့တဲ့ Saving Private Ryan စစ်ကား ထဲ က မင်းသား တွမ် ဆိုက်ဇမိုး ဦးနှောက် သွေးကြောကျဉ်း ရောဂါနဲ့ ကွယ်လွန်

မင်းသား တွမ် ဆိုက်ဇမိုး
Photo Credit: women working

လော့စ်အိန်ဂျလိစ်၊ မတ် ၃

၁၉၉၈ခုနှစ်က ကမ္ဘာတစ်ဝန်း ရုံတင်ပြခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ Saving Private Ryan စစ်ကားထဲက မင်းသား တစ်လက်ဖြစ်တဲ့ တွမ် ဆိုက်ဇမိုး ဟာ ဦးနှောက်သွေးကြောပေါက်ရောဂါ ခံစားခဲ့ရပြီး မတ်လ ၃ ရက် အရောက်မှာတော့ ဆေးရုံမှာပဲ အိပ်ပျော်နေတုန်း သေဆုံးသွားခဲ့ပါပြီလို့ သူ့ရဲ့ မန်နေဂျာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မင်းသားကြီး သေဆုံးချိန်မှာ‌တော့ အသက် ၆၁နှစ် အရွယ်လို့ သိရပါတယ်။

မင်းသားဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဟာ၂၀၂၃ ဖေဖော်ဝါရီ ၁၈ ရက်က လော့စ်အိန်ဂျလိစ်မှာရှိ တဲ့ သူ့နေအိမ်မှာပဲ ဦးနှောက် သွေးကြောပေါက်ဝေဒနာကို စပြီး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ဒိနောက်တော့ ကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ် မှာရှိတဲ့ ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေတာ ဖြစ်ပါတယ်။ ဒီလို ကုသမှုခံနေတဲ့ ဆေးရုံမှာပဲ မတ် ၃ရက်နေ့  သောကြာနေ့က အိပ်ပျော်နေတုန်း သေဆုံးသွားခဲ့တာလို့ သူ့မန်နေဂျာ ချားလ်စ် လာဂို ရဲ့ ပြောဆိုချက် အရ သိရပါတယ်။

“ကျွန်တော်က ခပ်ငယ်ငယ်ကနေ တက်လာပြီး ထိပ်ဆုံးကို တက်လာတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်မှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်၊ ပေါ်ရှေးကား စတာတွေ အပြင် မင်းသားကြီး ရောဘတ် ဒီ နီရိုးနဲ့ စပ်တူပိုင်တဲ့ စားသောက်ဆိုင်လည်းရှိခဲ့တယ်,,,အခုတော့ အဲ့ဒါတွေ ဘာမှ မရှိတော့ပါဘူး” လို့ မင်းသား ဆိုက်စ်မိုး က အမှတ်တရစာအုပ် တစ်ခုမှာ ၂၀၁၃ ခုနှစ်က ရေးခဲ့ဖူးပါတယ်။

Saving Private Ryan ဇတ်ကားဟာ ရောဘတ် ရိုဒတ်က ဇတ်လမ်းရေးသားပြီး၊စတီဖင် စပီးလ် ဘတ်ခ် က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တဲ့ အမေရိကန်စစ်ကားတစ်ကားဖြစ်ပါတယ်။ ရိုက်ကူးထုတ်လုပ်စားရိတ် ဒေါ်လာ သန်း၇၀ နီးပါးကုန်ကျခဲ့ပြီး ၁၉၈၈မှာ ကမ္ဘာအနှံ့ ရုံတင်ပြသလို့  ရခဲ့တဲ့ ဝင်ငွေက ၄၈၁ ဒသမ ၈ သန်း အထိ စံချိန်တင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Ref:AP

Saving Private Ryan ဇာတ်ကားထဲက ဆိုက်ဇမိုးရဲ့ ဇာတ်ဝင်ခန်းတစ်ခု
Photo Credit: Verve Times
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *