တစ်ကမ္ဘာလုံးမှာ စင်ကာပူနိုင်ငံမှာပဲ စားသုံးနိုင်တဲ့ သားသတ်လွတ်ကြက်သား

သားသတ်လွတ်ကြက်သားဟာ ကြက် သ9ားအစစ်မဟုတ်သလို ကြက်သား အတု လို႔လည်းမဆိုနိုင်ပါ။ ကြက်တွေကို သား သတ်ရုံမှာသတ်ပြီး ကြက်သားအဖြစ်ဈေး မှာ ရောင်းလေ့ရှိတဲ့ အစဉ်အလာကို တစ် ကမ္ဘာလုံးမှာ ပထမဆုံး ဆန့်ကျင် ပြောင်း လဲခဲ့တဲ့နိုင်ငံက စင်ကာပူ ဖြစ်ပါ တယ်။

နိုင်ငံငယ်တယ်ဆိုပေမယ့် နေထိုင်တဲ့ လူဦး ရေပမာဏ နည်းတယ်လို့ မဆိုနိုင်တဲ့ စင် ကာပူမှာ စားသုံးမယ့်လူတွေအတွက် လောက်ငအောင် အသီးအရွက်ရော အသား ငါးရော ပြည်ပက တင်သွင်းရ တာများတယ် လို့ ဆိုပါတယ်။

အစားအစာတွေ ဘေးကင်းလုံခြုံမှုရှိဖို့ အ လေးထားတဲ့ စင်ကာပူအစိုးရဟာ အေးခဲ ထားတဲ့ ဟင်းသီးဟင်းရွက်တွေ အသား ငါးတွေ နေရာမှာ လတ်ဆတ်တဲ့ အစား အစာတွေ အစားထိုးနိုင်ဖို့ စီစဉ်ရင်း အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီး ယားပြည် နယ်အခြေစိုက် အိ ကုမ္ပဏီနဲ့ ၂၀၂၀ ပြည့် နှစ်မှာ ချိတ်ဆက်မိခဲ့တယ်။

အဲဒီကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းက ဖန်တီးတဲ့ သားသတ်လွတ်ကြက်သားကို စင်ကာပူ မှာ လိုသလောက် ထုတ်လုပ်ရောင်းချ ပေးဖို့ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှာ အိ နဲ့ စင် ကာပူအစိုးရ စာချုပ်ချုပ်ဆို သဘော တူညီလိုက်တယ်။ အဲဒီလိုနဲ့ ၂၀၂၁ မှာ စင်ကာ ပူကလူတွေ စပြီး စားကြတယ်။

စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဒီအသားဟာ အသားအစစ်ပါ။ ဒါပေမယ့် တိရိစ္ဆာန်ကို သတ်စရာမလိုဘဲ ထုတ်လုပ်ထားတာ ဖြစ် တယ်လို့ အိကုမဏီအမှုဆောင် အရာရှိ ချုပ် ဂျော့ရှ်တက်ထရစ်ခ်က ရှင်းပြ တယ်။

Ref:BBC

Visited 104 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *