နယူးယော့ခ်၊ ဇွန် ၂
တက်စလာရှယ်ယာရှင်တစ်ယောက်က စီအီးအို အီလွန် မတ် ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းက လျှပ်စစ်ကားထုတ်လုပ်မှုနဲ့ ဆိုင်တဲ့ ရှယ်ယာ အမေရိကန်ဒေါ်လာ ၇ ဒသမ၅ ဘီလျံ ကျော် နဲ့ ပတ်သက်ပြီး မသင့်လျှော်တဲ့ လုပ်ဆောင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေ ၃၀ရက်က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
တရားရုံးမှာ တရားစွဲဆိုထားတဲ့ ရှယ်ယာရှင် မိုက်ကယ်ပယ်ရီက ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ်နံပါတ်တွေကို ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ လူသိရှင်ကြားထုတ်လိုက်ပြီးနောက် တက်စလာရဲ့ ရှယ်ယာစျေးနှုန်းတွေ ကျသွားတယ်လို့ ပြောဆို စွပ်စွဲခဲ့ပါတဘ်။
မိုက် ပယ်ရီရဲ့ ပြောစကားတွေအရ အီလွန် မတ်က သူ့ စီအီးအို ရာထူးကို အသုံးချပြီး တက်စလာ အပေါ်စောင့်သိရမယ့် သစ္စာကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဒိအတွက် အရောင်းအ၀ယ်ကနေ ရထားတဲ့ အမြတ်ငွေတွေကို ပြန်ပေးဖို့ တရားရုံးကနေ တစ်ဆင့် တောင်းဆိုနေတာလို့ သိရပါတယ်။
အီလွန် မတ်က သူ့ရဲ့ ရှယ်ယာတွေကို ဒါရိုက်တာတွေလက်ထဲ ရောင်းချခွင့်ပေးခဲ့တာက စီအီးအို တစ်ယောက်အနေနဲ့ သစ္စာစောင့်သိမှုတာဝန်ကိုချိုးဖောက်လိုက်တာလို့ စွပ်စွဲထားပါတယ်။
ရိုက်တာက တက်စလာနဲ့ အီလွန် မတ် ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် မရဘူးလို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ တက်စလာ စီအီးအို အီလွန် မတ်
Feature Image Credit: REUTERS/Gonzalo Fuentes



