မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ ဝါခင်းကြီးကျေးရွာအနီး၊ ညောင်ဦးကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂/၃)နဲ့(၁၂/၄) အ ကြားမှာ မေလ၂၆ရက် မနက်၁၁ နာရီက NISSAN အမျိုးအစား(အဖြူရောင်) (၁၂)ဘီး ဂါလံ ၄၀၀၀ ဆံ့ ဆီသယ်ယာဉ်(၁)စီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီး ဌာနက သိရပါတယ်။
မီးလောင်ဖြစ်ပွားရာကို ညောင်ဦးခရိုင် မီးသတ်စခန်းက Foam မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင် ဦးမြို့နယ်မီးသတ်စခန်းကမီးငြှိမ်းသတ် ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းက ရေ သယ်ယာဉ်(၁)စီးတို့ ထွက်ခွာငြှိမ်း သတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

