ညောင်ဦး၊ဆိပ်သာနဲ့ဟင်္သာတမြို့တို့ကဧရာဝ တီမြစ်ဘေးနေထိုင်သူများ အထူးသတိပြု နေထိုင်ဖို့ မိုး/ဇလ အကြံပြု

မြန်မာနိုင်ငံက ဧရာဝတီမြစ်ဘေးမှာရှိတဲ့ညောင်ဦး၊ဆိပ်သာနဲ့ဟင်္သာတမြို့တို့က မြစ်ကမ်းနံဘေးမှာ နေထိုင်ကြတဲ့ပြည်သူ တွေအနေနဲ့ နောက်နှစ်ရက်အထိ ဧရာဝ တီမြစ်ရေဟာ အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အထက်မှာပဲ တည်ရှိနေဦးမှာဖြစ်လို့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက် တင်ဘာလ၇ရက်နေ့လယ်၁၂နာရီတိုင်း ထွာချက်အရ အကြံပြုတိုက်တွန်းထားပါ တယ်။

ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဟာ၂၁၂၀စင်တီမီတာဖြစ်ပြီး လက် ရှိရောက်ရှိနေတဲ့ ရေမှတ်ဟာ ၂၁၅၆ စင်တီမီတာဖြစ်ပါတယ်။ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ နောက်နှစ်ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ တည်ရှိနေ ဦးမှာပါ။

အလားတူ ဆိပ်သာမြို့နဲ့ဟင်္သာတမြို့တို့မှာလည်း ဧရာဝတီမြစ်ရေဟာ နောက်နှစ် ရက်အထိ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေမှာဖြစ်ပြီး ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၂၀၀စင်တီမီတာ ဖြစ်ကာ လက်ရှိရောက်ရှိနေတဲ့ရေ မှတ်ကတော့ ၁၂၃၃စင်တီမီတာဖြစ်ပါ တယ်။ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၃၄၂စင်တီမီတာဖြစ်ပြီး လက်ရှိရေ မှတ်ဟာ၁၃၃၉စင်တီမီတာဖြစ်တာကြောင့် စိုးရိမ်ရေမှတ်နီးပါးကို ရောက်ရှိနေ တာဖြစ်ပါတယ်။ဆိပ်သာနဲ့ဟင်္သာတမြို့ တို့မှာ နောက်တစ်ရက်အတွင်း ဧရာဝတီ မြစ်ရေဟာ ပေဝက်ခန့်အထိ ထပ်မံမြင့် တက်လာနိုင်တယ်လို့ မိုး/ဇလက ခန့် မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *