၅ ဖေဖော်ဝါရီ၊၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တစ်အိမ်မှာ ဒီနေ့နေလည်ပိုင်း၂ နာရီကျော်အချိန်ခန့်က
အိမ်သာကျင်းသစ်တူးဖော်နေစဉ် မြေကျွံမူဖြစ်ပွားခဲ့တာကြောင့်၃ဦးမြေထဲနှစ်နေပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။


အိမ်သာကျင်းတူးနေတဲ့အမျိုးသားနှစ်ဦးကျင်းဟောင်းဘက်က မြေကျွံပြီးအပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်နေတာကြောင့် အပေါ်တွင်ရှိနေသူအမျိုးသားတဦးကဆင်းကူဆယ်ရာက စုစုပေါင်း ကျား(၃)ဦး နစ်နေတာကြောင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြရတာဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ပြီးချိန်မှာ ၂ဦးအား အသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့ပြီး (၁)ဦး သေဆုံးခဲ့တာကြောင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 27 times, 1 visit(s) today



