ညောင်ဦးမှာ လှည့်ကင်းဆောင်ရွက် နေတဲ့ တပ်မတော်ယာဉ်တစ်စီး အဝေး ထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

ညောင်ဦးမြို့နယ်၊အားကစားကွင်းအနီးမှာ စက်တင်ဘာလ၄ရက်ညနေ ၄နာရီ၁၅မိ နစ်ကညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲအတွက် လှည့်ကင်းဆောင်ရွက်နေတဲ့ တပ်မ တော်ယာဉ်တစ်စီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ် မှာလိုက်ပါလာတဲ့တပ်ကြပ်အောင်စိုးမိုး မှာ ဝဲ- ရင်ဘတ် ထိမှန်ဒဏ်ရာ၂ ချက်၊ ဝမ်းဗိုက် ပွင့်ထွက် ဒဏ်ရာ ၁ချက် (သေ ဆုံး)၊တပ်သားသိန်းဇော်ဝင်းမှာ ယာ-ပုခုံး ညှပ်ရိုးအောက် မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊တပ်သားဖြိုးဝေလင်း မှာ ဝဲ ဘက် ရင်အုံ မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)နဲ့မသင်းမြတ်စိုး(၂၂ နှစ်)အင်းတဲကျေးရွာ၊ တောင်သာမြို့နယ် နေသူမှာ ယာ-လက်ဖမိုး မိုင်းစထိမှန် ဒဏ်ရာ၁ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး လုံခြုံရေး မော်တော်ယာဉ် TATA အမျိုး အစား မော်တော်ယာဉ်မှာ ယာဘက် ရှေ့/နောက်တာယာကွဲ၊ကားယာဘက်ခြမ်း နောက်ကြည့်မှန်ကွဲ၊ကားရှေ့တံခါး စပန် နာစများ ထိမှန်၊ကားမိုးကာစုတ်ပြဲ၊ကား ယာဘက်ခြမ်း နောက်မီးခွက်များကွဲ၊ ယာ ဘက်ခြမ်း ကားဘော်ဒီ မိုင်းစထိမှန်ပေါက်ပြဲချိုင့်ဝင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo– PAN

Leave a Reply

Your email address will not be published. Required fields are marked *