ညောင်ဦးမြို့နယ် ချောင်းရေကျော်ဖြတ်ကူးတဲ့ Light Truckယာဥ်တစ်စီး ရေစီးနဲ့အတူ မျောပါခဲ့

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးမှာ ချောင်းရေကျော်ဖြတ်ကူးခဲ့ပြီး ရေစီးနဲ့အတူ မျောပါခဲ့တဲ့ Light Truckယာဥ်တစ်စီးနဲ့ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦးရဲ့ သေဆုံးနေတဲ့ရုပ်အလောင်းများကို စက်တင်ဘာလ၂၉မနက်၈နာရီခွဲက တွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ရုပ်အလောင်းများတွေ့ရှိရာကို ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချောင်းအတွင်းနစ်မြုပ်နေတဲ့ Light Truck ယာဉ်ပို ပြန်လည်ဆယ်ယူနိုင်ရေးဆောင် ရွက်ခဲ့ပြီး အမျိုးသား(၂)ဦး(သေဆုံး)ကို ညောင်ဦးမြို့ ဂရု ဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းယာဉ်နဲ့ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *