
ဓါတ်ပုံ။ CJ
မတ်(၂၅)၊၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်ကအသက်၈ နှစ်အရွယ်မိန်း ကလေးငယ်တဦးဆော့ကစားနေရာကနေ မတ် လ ၂၄ရက်နေ့ နေ့လည်ပိုင်းက မြွေကိုက်ခံရပြီး ဆေးရုံပို့တာနောက်ကျတာကြောင့် သေဆုံးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးသူအချို့ဆီက သိရပါတယ်။
အကိုက်ခံရတဲ့ကလေးငယ်ဟာ အခြားကလေးတစ်ဦးနဲ့ ဆော့ကစားနေရာကနေ အကိုက်ခံရတာဖြစ်ပြီး၊မြွေဖြတ်ပြေးသွားတာမြင်မှ ကိုက်ခံရကြောင်းသိရတာကြောင့် ညောင်ဦးဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူအချို့က ပြောပါတယ်။
မြွေကိုက်ခံရချိန်ကတည်းက ကလေးငယ်ဟာခြေ ထောက်တွေ ထုံကျင်ပြီး မထနိုင်တော့တာတာကြောင့် ညောင်ဦးဆေးရုံကို ရောက်ရှိရာကနေ မန္တလေးဆေးရုံကိုညတွင်းချင်းပို့ဖို့ ပရဟိတအသင်းကပြောဆိုခဲ့ပေမယ့် မိသားစုတွေက နောက်ရက်မနက်မှ သွားမယ်ဆိုပြီးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“မန္တလေးလွဲဖို့ ကျွန်တော်တို့ကို ဆက်သွယ်လာတာက ည ၉ နာရီ သွားမှာက မနက် ၅ နာရီမှတဲ့ ကျွန်တော်တို့ အတွေ့အ ကြုံအရ ပိုးထိလူနာဆိုတော့ အရေးကြီးတယ် ခု ညဥ့်တွင်းခြင်း သွားမယ်ဆိုလည်း ဖြစ်ပါတယ် ဆိုတော့ လူနာရှင်တွေကို မေးပြီးတော့ ပြန်ဆက်သွယ်ပါ့မယ်တဲ့။ခဏနေတော့ပြန်ဆက်လာပါတယ် ဆေးရုံလွဲစာကတော့ ရနေပါပြီ ဒါပေမဲ့လို့ မနက်ကျမှပဲ သွားပါတော့မယ်ဆိုပီပြောတာ ပြန်ပြီးလမ်းတဝက်မှာ ကလေးလူနာရှင်ဆီက ဖုန်းဝင်လာတယ် ကလေးက ဒီမှာရှိတဲ့ ဆရာဝန်ဆရာမတွေလည်း ဘယ်လိုမှ မကယ်လိုက်နိုင်တော့လို့ ချက်ခြင်းပြန်သယ်ချင်လို့ ရလားတဲ့ က လေးကဆုံးသွားတယ်”လို့ကူညီခဲ့တဲ့ပုဂံဒေသ လူမှုကူညီ ကယ်ဆယ်ရေး အသင်းက အသိပေးပြောကြားထားပါတယ်။
ညတွင်းချင်းမန္တလေးဆေးရုံမပို့ပဲ လူနာရှင်တွေရဲဆန္ဒအအတိုင်း နောက်ရက်မနက်မှပို့ခဲ့တာကြောင့်မြွေဆိပ်တက်ပြီး သေဆုံးခဲ့ရတာလို့ သိရပါတယ်။



