ညောင်လေးပင်မြို့က ဘုန်းကြီးကျောင်း ကျောင်းဆောင်ပေါ် ကုက္ကိုပင် လဲကျ မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင် လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ညောင် လေးပင်မဒေါက်ကားလမ်းဘေး၊ကမ္မ ဌာန်းဘုန်းကြီးကျောင်းအတွင်းက ကျောင်းဆောင်ပေါ်ကို မေလ၂၃ရက် ညနေ ၆နညရီ၁၅မိနစ်က ကုက္ကိုပင်လဲကျမှုဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆောင်ထဲမှာ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ပြီး ဆရာလေးတစ်ပါး ထိခိုက်ဒဏ်ရာရ (ဦးခေါင်းပေါက်)၊အမျိုးသား(၂)ယောက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ကုက္ကိုပင်လဲကျမှုဖြစ်ပွားရာကို ညောင် လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁) စီး၊သန္ဓေမီးသတ်တပ် ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနဲ့ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သေဆုံး နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စေတနာ လူမှုကူညီရေး အသင်းယာဉ်နဲ့ ညောင် လေးပင်မြို့ နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *