ညောင်ရွှေမြို့နယ် သာစည်ကန်အတွင်းမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊တိလောကျေးရွာက သာစည်ကန်အတွင်းမှာ အောက်တိုဘာလ၅ရက် မွန်းလွဲ၁နာရီကျော်က လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo–MFSD

လှေတိမ်းမှောက်မှုဖြစ်ပွားရာကို ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်ရှိပြည်သူများ ပူပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာခဲ့ရာ ရေနစ်ခဲ့သူအမျိုးသားရဲ့ရုပ်အလောင်းကို မွန်းလွဲ၂နာရီခွဲခန့်မှာ ရှာ ဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအသင်းကယာဉ်နဲ့ ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 28 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *