ညီညွတ်မှုရှိမှသာ မြန်မာ့အရေး အာဆီယံကူညီဖြေရှင်းပေးနိုင်မယ်လို့ ဂျိုကိုဝီဒိုဒိုယုံကြည်

၄၂ ကြိမ်မြောက်အာဆီယံ ထိပ်သီးနွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ လာဘွမ်ဘ ဂျိုပင်လယ်ကမ်းခြေမြို့မှာ မေ ၉ရက်နံနက်ကစပြီး ကျင်းပနေပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ မေ၁၀ရက်မှာ အဖွဲ့ဝင်နိုင်ငံအသီသီးက ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရတာအပါအဝင် မြန်မာ့အရေးကိုလည်း အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးဖွယ်ရှိတယ်လို့ အင်ဒိုနီးရှားသတင်းမီဒီယာတွေမှာ အဲဒီဆွေးနွေးပွဲမတိုင်ခင်က ဖော်ပြကြတယ်။

မြန်မာ့အရေးဆွေးနွေးမယ့်အသေးစိတ်ကို မသိရသေးပေမယ့် မြန်မာနိုင်ငံမှာအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း၊ ဘေးကင်းလုံခြုံပြီး အချိန်နဲ့တစ်ပြေညီ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးဖို့ နဲ့ တမျိုးသားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ နဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ခြင်းရပ်တန့်ဖို့ တိုက်တွန်းကြောင်း အာဆီယံခေါင်းဆောင်တွေက ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရတာကို ရှုတ်ချခဲ့တဲ့အပြင် ပစ်ခတ်ခဲ့သူတွေဖက်က တာ၀န်ယူရမယ်လို့လည်း အသိပေးခဲ့ပြီးဖြစ်တယ်လို့ အဲဒီသဘောထားကြေညာချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။

“အာဆီယံက တိတ်ဆိတ်ပြီးတော့ပဲနေမှာလား။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုအတွက် တွန်းအားပေးမှာလား” လို့ အင်ဒိုနီးရှားသမတ ဂျိုကိုဝီဒိုဒို က မေးခွန်းထုတ်ပါတယ်။

ညီညွတ်မှုရှိမှသာ မြန်မာ့အရေး အာဆီယံကူညီဖြေရှင်းပေးနိုင်မယ်လို့ အားလုံးက ယုံကြည်ထားတဲ့အကြောင်း ဂျိုကိုဝီဒိုဒိုက ထပ်လောင်းပြောကြားလိုက်ပါတယ်။

Ref: Aljazeera, New Strait Times

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *