၂၀၂၃ခုနှစ်၊မတ်လ၂၀ရက်က အောင်လံမြို့မှာ ဆိုင်ကယ်နဲ့ထော်လာဂျီ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာကနေညာဘက်လက်မောင်းပြတ်တောက်သွားခဲ့ရတဲ့ သုံးနှစ်အရွယ်ကလေးငယ်ကို အောင်လံဆေးရုံမှ ရန်ကုန်ဆေးရုံကို လွှဲပြောင်းပြီး ပည်တွင်းဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့နိုင်ခဲ့တာလို့ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးရဲ့ ဆေးမှတ်တမ်းတွေအရ အဲ့ဒီကလေးငယ်ဟာ အသက်အငယ်ဆုံး လက်မောင်းပြန်ဆက်ပေးခဲ့ရတဲ့လူနာဖြစ်ပြီး လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်ပြီး သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ် စီးဆင်းလာပြီဖြစ်တာကြောင့် ပြန်လည် သန်စွမ်းရေး အဆောင်ကို ပြသကာ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၄ ရက်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် မေလ ၁၀ ရက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြန်လည်တက်ရောက်ခဲ့ပြီး မေ ၁၆ ရက်မှ၏ နောက်ဆက်တွဲကုသမှုဖြစ်တဲ့ ပြတ်တောက်သွားသော အာရုံကြောများဆက်ခြင်း (Sural Nerve Graft) ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်လျက်ရှိပြီး ကလေးငယ်ရဲ့ လက်အခြေအနေမှာ တိုးတက်ကောင်းမွန်လာခဲ့တာလို့ သိရပါတယ်။
ကလေးငယ်ရဲ့လက်မောင်းကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့ ကုသရေးအဖွဲ့ဝင်တွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာတင်ထွန်းအောင်နှင့် အထူးကုဆရာဝန် (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာ ဖြိုးမောင်မောင်တို့ ဦးဆောင်တဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်တဲ့ မေ့ဆေးအထူးကု ဆရာဝန်ကြီးများအဖွဲနဲ့သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့ ပါဝင်တဲ့သူနာ ပြုများအဖွဲ့တို့ပဲ ဖြစ်ပါတယ်။