ဇေယျာသီရိမြို့နယ် ရန်မန်းလမ်းဟောင်းမှာ ၁၂ဘီးကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပွား

နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရင်ခွဲပင်ကျေးရွာ၊သ တင်းစာတိုက်အနီး၊ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဇန် နဝါရီလ၂၇ရက်ညနေ၆နာရီခန့်က ၁၂ဘီးကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာတဲ့ ကလေးငယ်တစ်ဦးအပါအဝင်မိသားစုသုံးယောက်စလုံး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးဆောင် ရွက်ပေးခဲ့သူအသိုင်းအဝိုင်းက သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၇ရက်ညနေ၆နာရီခန့်က ဇေယျာသီရိမြို့နယ်၊ရင်ခွဲပင်ကျေးရွာ၊သ တင်းစာတိုက်အနီး၊ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ၁၂ဘီးကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားနေတယ်လို့ သတင်းရရှိတာကြောင့် ကရု ဏာရှင်လူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ရာ ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦးနဲ့ အ မျိုးသမီးတစ်ဦးတို့မှာ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အသင်းကားနဲ့ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ကလေးငယ်မှာ ဆေးရုံမရောက်မီ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *