ဇေကမ္ဘာဝန်းအတွင်း ထိုးထွင်းဒဏ်ရာဖြင့်သေဆုံးနေသူ အငှားယာဥ်မောင်းအမျိုးသား တစ်ဦးရုပ်အလောင်းကိုတွေ့ရှိခဲ့

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ထိုးထွင်းဒဏ်ရာတစ်ချက်ဖြင့် ရေမြောင်းထဲတွင်သေဆုံးနေသည့် အငှားယာဥ်မောင်း အမျိုးသား၁ဦး၏ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ကသိရသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၃၈နှစ်ခန့်ရှိပြီး မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ အငှားယာဥ်မောင်းတစ်ဦးဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်မောင်းမှာ မေလ၂၅ရက်နေ့လယ်မှစ၍ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသား၏ရုပ်အလောင်းကိုတွေ့ရှိရ၍ ဇေကမ္ဘာလုံခြုံရေးများမှ ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့အကူအညီ တောင်းခံလာ၍သွားရောက်ကူညီခဲ့ပြီး ရဲတပ်ဖွဲ့ဆေးစာနှင့်အတူ အင်းစိန်ဆေးရုံသို့ အလောင်းအပ်နှံပေးခဲ့ကြောင်းလည်း သိရသည်။

Visited 26 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *