ဇေကမ္ဘာဝန်းအတွင်းက အထည်ချုပ်စက် ရုံမီးလောင်မှု နာရီဝက်ကျော်ကြာ မီးငြှိမ်း သတ်ပေးခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း၊ဇေကမ္ဘာ(၇) လမ်းက အထည်ချုပ်စက်ရုံတစ်ရုံမှာ ဇူလိုင်၄ရက် ညနေ၆နာရီ၅၀မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရပြီး ညနေ၇နာရီ၂၃မိနစ် မှာ မီးငြိမ်းသွားခဲ့ရတာကြောင့် မီးသတ်ဦးစီး ဌာနအနေနဲ့ မီးလောင်မှုကို နာရီဝက်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မီးသတ်ဦးစီးဌာနက မီးလောင်မှုကို Lv2 အဆင့်သတ်မှတ်ပြီး မီးငြှိမ်းသတ်ပေးခဲ့ရ ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရတဲ့အ ကြောင်းအရင်း မသိရသေးဘဲ ပျက်စီးဆုံးရှုံး မှုတန်ဖိုးတွက်ချက်နေဆဲဖြစ်တယ်လို့ သိရ ပါတယ်။

Visited 30 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *