ဇေကမ္ဘာဝင်းအတွင်း အငှားယာဉ်တစ်စီးကို လာရောက်စွန့်ပစ်ထား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း၌ အငှားယာဉ်တစ်စီး လာရောက်စွန့်ပစ်ထားသည်ကို ယနေ့ မေလ ၈ ရက် နံနက်က တွေ့ရကြောင်း သိရသည်။

အဆိုပါ အငှားယာဉ်မှာ နောက်ခန်းမှန်ကွဲနေပြီး 1D-6974, Toyota Caldina အမျိုးအစား အငှားယာဉ် ဖြစ်ကြောင်း၊မည်သည့်အချိန်တွင် လာရောက်စွန့်ပစ်ထားသည်ကို မသိရသေးကြောင်း သိရသည်။

ယင်းအငှားယာဉ်ကို မောင်းသူမှာ မည်သူမည်ဝါမှန်းမသိသေးသည့်အပြင် လက်ရှိအချိန်ထိ ပိုင်ရှင် မပေါ်ပေါက်သေးကြောင်းလည်း လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်မှ Toyota Fielder, EE-6730 ပျောက်ဆုံးခဲ့ရာ မေလ ၄ ရက်တွင် ယာဉ်ကို ပြန်လည်တွေ့ရှိခဲ့ပြီး မေလ ၅ ရက်တွင် ယာဉ်မောင်းကို သေဆုံးလျက် တွေ့ရှိခဲ့သောအမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *