ဇူလိုင်၃ရက်ညပိုင်းမှာ အလင်းထိန်ဆုံးနဲ့အပြည့်ဆုံးလမင်းကို တွေ့မြင်ရမည်

ကမ္ဘာကိုလှည့်ပတ်နေတဲ့လဟာ လပြည့်ညမှာပြည့်ဝိုင်းပြီးနေတယ်ဆိုပေမယ့် လပြည့်ညတိုင်းမှာ အမြဲဝိုင်းစက်မနေဘူး။ သူ့ပတ်လမ်းအပြောင်းအလဲအနီးအဝေးအပေါ်မှာမူတည်ပြီးတော့ ပြည့်ဝိုင်းတဲ့ပမာဏအပြောင်းအလဲရှိတတ်တယ်ဆိုတာ လကိုစိတ်ဝင်တစားစောင့်ကြည့်ကြသူတွေ သိပြီးဖြစ်လိမ့်မယ်။

ဒီနှစ်ထဲမှာ အကြီးဆုံး အဝိုင်းဆုံးလ လေးကြိမ်တွေ့ရမယ်လို့ နက္ခတ္တ သိပ္ပံပညာရှင်တွေ ကြိုတင်တွက်ချက်ထားကြတယ်။ပထမဆုံးလကို ဒီညတွေ့ရမယ်။

ဩဂုတ်လထဲမှာ နှစ်ကြိမ်တွေ့ရမယ်။ စက်တင်ဘာ ၂၉မှာ ဒီနှစ်ရဲ့အဝိုင်းဆုံးလကို နာက်ဆုံးတွေ့ရမယ်လို့ဆိုတယ်။

ဒီနေ့ ဇူလိုင် ၃ရက်ညမှာ လဟာ ကမ္ဘာနဲ့ မိုင်ပေါင်း ၁၄၀၀၀လောက်ပိုနီးတဲ့ ပတ်လမ်းပေါ်ကိုရောက်လာမှာဆိုတော့ အရင်လပြည့်ညတွေထက် လဟာပိုပြီးသာနေလိမ့်မယ်။ အရွယ်အစားလည်းပိုကြီးလာလိမ့်မယ်။

မြန်မာနိုင်ငံက စိတ်ဝင်စားသူတွေအနေနဲ့ ညနေ ၆နာရီ ၄၈မိနစ် ၅၉စကန့်မှာ ထွက်ပေါ်လာမယ့်၉၉ % အထိအလင်းထုတ်လွှတ်မယ်လို့ ယူဆရတဲ့ လမင်းကြီးကို ဘယ်အချိန်မှာ အလင်းထိန်ဆုံးဖြစ်မလဲစောင့်ကြည့်နိုင်ပါတယ်။

Ref:CNN

Leave a Reply

Your email address will not be published. Required fields are marked *