ဇူလိုင်၂၇ ထိုင်းပါလီမန် အစည်းအဝေးရက်ရွှေ့ဆိုင်း

ဝန်ကြီးချုပ်မဲခွဲတင်မြှောက်မှုပြုလုပ်မယ့် ဇူလိုင်၂၇ရက် ထိုင်းပါလီမန် အ စည်းအဝေးရက်ရွှေ့ဆိုင်းလိုက်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက်နူး မာသာကဇူလိုင်၂၅မှာအတည်ပြုထားတယ်။ဘယ်လောက်ထိဆိုင်းငံ့ထားမလဲတော့ မသိရသေးဘူး။

ဇူလိုင်၁၉မှာ ပီတာ့ကို ဝန်ကြီးချုပ်လောင်း အဖြစ်ထပ်မံအမည်စာရင်းတင်သွင်းခြင်းကို ထိုင်းပါလီမန်က ပယ်ချလိုက်တယ်။ အဲဒီလိုပယ်ချတာက ပြန်လည်သုံးသပ်ပေး ဖို့ ဖွဲ့စည်းပုံခုံရုံးကို သီးခြားလွတ်လပ်တဲ့ ပြည်သူ့ရေးရာဌာနက လျှောက်လဲချက် တင်ထားကြောင်း ပါလီမန်အတွင်းရေး မှူးချုပ်က ဥပဒေပြုလွှတ်တော်အမတ် တွေဆီကို စာရေးသားပြီးအသိပေးခဲ့တယ်။ စာထဲမှာ ဇူလိုင်၂၇ရက် ထိုင်းပါလီမန် တတိယအစည်းအဝေး ဖျက်သိမ်းသင့် တယ်လို့ အကြံပြုထားတယ်။

ပြီးတော့ ရှေ့သို့လှမ်းချီပါတီဖက်က အား ပေးထောက်ခံသူတွေဦးဆောင်ပြီး ဘန် ကောက်မြို့တော်မှာ ငြိမးချမ်းစွာစုဝေး ဆန္ဒပြ ဟောပြောမှုတွေ ပြုလုပ်နေတာ လည်းရှိတယ်။ အထက်လွှတ်တော် ဖျက်သိမ်းပေးဖို့အထိ တောင်းဆိုနေကြ တယ်။အဲဒီအခြေအနေတွေအပေါ်မူတည်ပြီး ပါလီမန်အစည်းအဝေးကို ရွှေ့ဆိုင်း လိုက်တာဖြစ်မယ်လို့ ထင်မြင်ယူဆကြ တယ်။

မူလက ဇူလိုင်၂၆မှာ ဖူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအမည်တရားဝင်တင်သွင်းမယ်။ အဲဒီဝန်ကြီးချုပ်လောင်းကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ဖို့ ဇူလိုင် ၂၇မှာ ပါလီမန်က မဲခွဲဆုံးဖြတ်မယ်လို့ စီစဉ်ထားတာဖြစ်တယ်။ ဒါပေမယ့် အဲဒီ အစီအစဉ်ပျက်သွားပါပြီ။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ၇၄နှစ် ပြည့်မွေးနေ့ကျရောက်တဲ့ ဇူလိုင် ၂၆ ညနေ၆နာရီက ဖူထိုင်းပါတီရုံးချုပ်မှာ မွေးနေ့ပွဲကျင်းပတယ်။ သမီးပေတွန်တန် ဦးဆောင်တဲ့ ပါတီထိပ်တန်းခေါင်းဆောင် တွေနဲ့ ဗီဒီယိုကောဆက်သွယ်ပြောကြား တော့ ဆရက်သာ သာဗီဆင်ဝန်ကြီးချုပ် ဖြစ်မှာပါလို့ လတ်တလောဟောင်ကောင် ရောက်နေတယ်ဆိုတဲ့သက်ဆင်က ပြော တယ်။

ဩဂုတ်၁၀မှာ သက်ဆင်ထိုင်းကိုပြန်လာမယ်။ ဘုရင့်ထံမှာလွတ်ငြိမ်းခွင့် လျှောက်မယ်လို့ သမီး ပေတွန်တန်က တစ်ဆင့် ဇူလိုင် ၂၆ မနက်ပိုင်းမှာ အသိ ပေးခဲ့ပြီးဖြစ်တယ်။

Ref: Reuters, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *