အရေးပေါ်လူနာများ
၁၉ ဖေဖော်ဝါရီ၊၂၀၂၄


ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်တောင်ကြားလမ်းမှာ ဇာတ်အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကြီးတစ်စီး ဒီနေ့ နံနက်၁၀နာရီခွဲအချိန်က ချောင်းအတွင်းမှောက်ခဲ့တာကြောင့် ၁၄ဦးဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ဆီက သိရပါတယ်။



“ဘာကြောင့်မှောက်တယ်မသိရသေးဘူး ။ ကားကဘီးတွေကအစပြုတ်ထွက်တယ် ။ ပစ္စည်းတွေလဲတစစီဖြစ်ကုန်တယ်ဒဏ်ရာရတာတော်တော်များနေတယ် ကားကိုလဲပြန်ဆွဲတင်ဖို့ လုပ်နေကြတုန်း”လို့ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ကားမှောက်မူကြောင့် ပြင်းထန်ဒဏ်ရာ ရသူအရေးပေါ်လူနာ ၇ဦးရှိပြီး၊ ဒဏ်ရာရသူတွေကို ဘားအံ ပြည်သူ့ဆေးရုံကြီးကို မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ နောင်လုံ ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ကမော့ကစင် ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ အုန်းတပင်၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ KCO တို့က လူနာ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။



