၉ ဖေဖော်ဝါရီ၊၂၀၂၄
ပဲခူးတိုင်း ၊ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့နဲ့ အနီးနားကျေးရွာများမှာ တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ဒေသခံပြည်သူ တွေကိုပရဟိတအသင်းတွေနဲ့ တောင်ငူမြို့ခံပြည်သူတွေသွားရောက် ကူညီနေကြတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
“ပိတ်မိလို့ကျန်တဲ့လူတွေကို နှင်းကောင်းဘုန်းကြီးကျောင်းရှေ့မှာ ကျနော်တို့ကားတွေနဲ့ခေါ်ဖို့စောင့်ပေးနေပါတယ် ။လယ်ကွင်းထဲမှာကျန်သေူတွေလဲရှိနေကြသေးတယ် တိုက်ပွဲမပြင်းထန်ခင်အရသ်ကယ်ထုတ်မှရတော့မယ်”လို့ ကူညီသူကပြောပါတယ်။


ပဲခူးတိုင်း ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ကစတင်ပြီး တပ်မတော်နဲ့ KNLA၊PDF တပ်တို့နှစ်ဘက်တိုက်ပွဲဖြစ်နေတာဖြစ်ပြီး လက်နက်ကြီးကျည်စထိမှန်ပြီးဒေသခံအချို့သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၅ထောင်ဝန်းကျင်ခန့် တောင်ငူမြို့ရှိ နီးစပ်ရာဆွေမျိုးတွေနဲ့ စစ်ရှောင်စခန်းများမှာခိုလှုံနေကြရတာဖြစ်ပါတယ်။
ဇရပ်ကြီးစစ်ရှောင်ပြည်သူများဟာတောင်ငူမြို့ပေါ်ရှိ နဂါးရုံဘရား၊ ရွှေဆံတော်ဘုရား၊ အောင်ဇဗ္ဗူဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။



