ဇမ်ဘီယာမှာ အမေရိကန်ခရီးသွားတစ်ယောက် တောဆင်ရိုင်းလက်ချက်နဲ့ သေဆုံး

ကာဖွေး၊ ဧပြီ ၅

ဇမ်ဘီယာနိုင်ငံ ကာဖွေး အမျိုးသားဥယျဉ်က သဘာဝ တောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးစဥ်အတွင်း အမေရိကန် ခရီးသွား အမျိုးသမီးတစ်ယောက် တောဆင်ရိုင်းရဲ့ ရန်ပြုတာကို ခံရပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်အပြီးမှာ  တခြားအမျိုးသမီးတစ်ယောက်ပါ ဒဏ်ရာရခဲံပြီး  တောင်အာဖရိကက ဆေးခန်းကို ပို့ခဲ့ရတယ်လို့ တာဝန်ယူထားတဲ့ Wilderness ခရီးသွား ကုမ္ပဏီက အင်္ဂါနေ့ ( ဧပြီ ၃) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တခြားလူလေးဦးလည်း ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဧည့်သည်ခြောက်ယောက်နဲ့ လမ်းပြတစ်ယောက်နဲ့ ဆာဖာရီတောတွင်သွား ကားနဲ့ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာဖို ထွက်လာချိန် လမ်းတစ်နေရာမှာ ဆင်ရိုင်တစ်ကောင်က ကားကို လိုက်ပြီး ရန်ပြုခဲတာမို့ လိုက်ပါလာတဲ့ ခရီးသည်တွေ အားလုံး ပြေးလို့ မရဘဲ ဆင်ရိုင်းရဲ့ အန္တရာယ် ပြုတာကို ခံခဲ့ရပါတယ်။ ဆင်ရိုင်းထွက်သွားတဲ့ နောက်မှာတော့ အမေရိကန်နိုင်ငံသူ အသက် ၇၉နှစ်အရယ် ဂေးလ် မက်ဆန် တစ်ယောက် သေဆုံးခဲ့ရပါတယ်။

 ဒိနောက်တော့ အခင်းဖြစ်ပွားရာကို ရဟတ်ယာဉ်တစ်စင်း လွှတ်ခဲ့ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေ တယ်လို့လည်း သိရပါတယ်။

 သေဆုံးသူရဲ့ မြေးဖြစ်သူ  ဘလိတ်ခ် ဘက်တာ ရဲ့ ပြောပြချက်အရ အဖွားက အာဖရိကမှာ တစ်လလောက် အထိနေဖို့ စီစဉ်ထားတာလို့ သိရပါတယ်။” ဆင်နဲ့ ယာဉ်မောင်းကို အပြစ်တင်ချင်ပေမယ့် မတင်ပါဘူး၊ ဒါဟာ ထူးဆန်းတဲ့ မတော်တဆမှုတစ်ခုပါပဲ။” ဆိုပြီးလည်း ပြောပါတယ်။

Ref: CNN

ပုံစာ။ ဇမ်ဘီယာက တောဆင်ရိုင်း တစ်ကောင်

Feature Image Credit: Angus McComiskey/Alamy

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *