ဝါရှင်တန်၊ ဇန်နဝါရီ ၂၀
အမေရိကန် အစိုးရရဲ့ ရက် ၉၀ ဆိုင်းငံ့မိန့်ကြောင့် ဇန်နဝါရီ ၁၈ရက်ကစ အမေရိကန်တစ်နိုင်ငံလုံး တစ်တော့ သုံးလို့ မရ ဖြစ်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက်နှောင်းပိုင်းကစ အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီ ၁၈ရက်မှာ စအသက်ဝင်တဲ့ တစ်တော့ ရက် ၉၀ တားမြစ်မိန့် ကြောင့် တစ်တော့ အလုပ်မလုပ်တော့ဘဲ Apple နဲ့ Google အက်ပလီကေးရှင်းစတိုး ဆိုင်တွေ မှာလည်း အမေရိကန်သန်း ၁၇၀ အသုံးပြုနေတဲ့ တစ်တော့ ပလပ်ဖောင်းကို သုံးလို့ မရတော့ဘူးလို့ သိရပါတယ်။
လူငယ်အများစုကတော့ အက်ပ်ရဲ့ အနာဂတ် မသေချာမရေရာမှုတွေကြောင့် တစ်တော့အစား တရုတ်နိုင်ငံ အခြေစိုက် RedNote အပါအဝင် အခြားရွေးချယ်စရာတွေ ဆီကို အပြေးအလွှား ရွှေ့ပြောင်းသွားကြပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရန့်ကတော့ လာမယ့် ဇန်နဝါရိ ၂၀ရက် တနင်္လာနေ့မှာ သူတာဝန်ယူပြီးတဲ့ နောက် တစ်တော့ ပိတ်ပင်တားမြစ်ချက်ကို ပြန်လည်ခွင့်ပြုပေးမယ်လို့ အစောပိုင်းက ပြောခဲ့တဲ့ အကြောင်း အက်ပ်ပေါ်က သုံးစွဲသူတွေ အတွက် တင်ပေးတဲ့ ကြေငြာချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဖော်ပြထားတဲ့ ကြေငြာချက်မှာတော့ “TikTok ကို တားမြစ်တဲ့ ဥပဒေကို US တွင်ပြဌာန်းထားပြီးဖြစ်ပါတယ်။ ကံမကောင်းစွာဖြင့်၊ ဆိုလိုသည်မှာ သင်သည် အခုအချိန်မှာ TikTok ကို အသုံးမပြုနိုင်သေးပါ။ ကျေးဇူးပြု ပြီး ိစောင့်ပါ။ သူတာဝန်ယူတာနဲ့ တပြိုင်နက် TikTok ပြန်လည်အသက်သွင်းဖို့ ဖြေရှင်းချက်တစ်ခုအတွက် သမ္မတ ထရန့်က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ကျွန်ုပ်တို့ကံကောင်းပါတယ်။” လို့ ဖော်ပြ ထားပါ တယ်။
Ref: AFP
Feature Image Credit AFP



