ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမကို လင်ဖြစ်သူက ဓားနဲ့ထိုးမှု ရခိုင်တွင် ယနေ့ ဖြစ်

၂၇ စက်တင်ဘာ၊၂၀၂၃

ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမကို လင်ဖြစ်သူက ဓားနဲ့ထိုးမှု ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သည်။

အမ်းမြို့နယ်၊ ရူးကျေးရွာ အထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြ ကျောင်းဆရာမ ၏ခင်ပွန်းဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ကွာရှင်းဖို့ စီစဉ်နေစဉ် ဆရာမကျောင်းဆင်းအလာကို လမ်းမှ စောင့်ဆိုင်း ၍ ယခုကဲ့သို့ ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆရာမ၏ လက်မောင်း၊ ရင်ဘတ် နှင့် နောက်ကျော အပါအဝင် စိုးရိမ်ဒဏ်ရာ များစွာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမ်းပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံနေရကြောင်း၊အဆိုပါ ဆရာမ မှာ အသက် ၄၁ နှစ်အရွယ် ဒေါ်သန်းသန်းဌေးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ အသက် ၅၀ အရွယ် ဦးညီညီ ဆိုသူဖြစ်ကြောင်း သိရသည်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *