နေပြည်တော်မှာ ဇနီးကိုသတ်ပြီး အလောင်းဖျောက်တဲ့ နေပြည်တော်က စစ်တပ်အရာရှိဆရာဝန်ကြီးတစ်ဦး ဒီ ဇင်ဘာလ၂၇ရက်နေ့က ဖမ်းခံခဲ့ရတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
အဖမ်းခံရသူမှာ အမှတ်(၂)တပ်မတော် သားဖွားမီးယပ်နဲ့ကလေးဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သာဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီးဇေယျာလင်းဆိုသူဖြစ်ပြီး ဇနီးဖြစ်သူကိုသတ်ဖြတ်ပြီးနောက် ဒီဇင်ဘာလ၂၆ရက်မနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမ နဲ့ ပိတောက်လမ်းထောင့် စွန့်ပစ်ထားရာကနေ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးပြီးနောက် အခုလို ဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
“သူ့မိန်းမကို ဘာကြောင့်အခုလို ရက်ရက်စက်စက်သတ်ပစ်တာလဲဆိုတာ သေချာတော့မသိဘူး။ကာယကံရှင်ဖြစ်တဲ့သူတွေက အသိဆုံးနေကြမှာပါ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဇနီးကို သတ်ပြီးအလောင်းဖျောက်ခဲ့သူဗိုလ်မှူးကြီး တပ်မ တော်ဆေးတက္ကသိုလ်အမှတ်စဥ်(၂)ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သမီးတစ်ဦးလည်း ရှိတယ်လို့ သိရပါတယ်။



