ဇင်းကျိုက်မြို့မှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့၊ဇင်းကျိုက်ရပ် ကွက်၊နယ်မြေ(၈)၊ကွက်သစ်ပိုင်း၊ဝါရီရူးလမ်းမှာ ဒီဇင်ဘာ လ၂၇ရက်မနက်၁နာရီ၄၀မိနစ်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ဆိတ်တစ်ကောင် မီးလောင်သေဆုံးခဲ့ရတဲ့အပြင် နေအိမ်၃လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ပေါင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ ဇင်းကျိုက်နယ်မြေမီး သတ်စခန်းက မီးသတ်ယာဉ်(၁)စီးတို့နဲ့ သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များ လာရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ခုနှစ် နိုဝင်ဘာလ၁၀ရက်နေ့ကလည်း ဇင်းကျိုက်မှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကာ ကလေးငယ်တစ်ဦးအပါအဝင် လူ၄ဦး သေဆုံးရပြီး နေအိမ် ၈လုံး မီးလောင်ဆုံးရှုံးခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *