ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် ငတ်မွတ်နေတဲ့ ပြည်သူတွေကို ကျွေးဖို့ ဆင်ကောင်ရေ ၂၀၀ ကို သုတ်သင်ဖို့ စီစဉ်နေ

နမီးဘီးယား၊ စက်တင်ဘာ ၁၆

ဇင်ဘာဘွေနိုင်ငံဟာ  ဆယ်စုနှစ်တွေ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကြောင့် ငတ်မွတ်နေ နိုင်ငံသားတွေကို ကျွေးမွေးဖို့ အတွက် ဆင်ကောင်ရေ ၂၀၀ ကိုသတ်ဖြတ်ပြီး အသားထုတ်ယူဖို့ စိစဉ်နေကြတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ဥပဒေအရလည်း ဒီလို လုပ်ပိုင်ခွင်ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။

နိုင်ငံလူဦးရေရဲ့  ထက်ဝက်နီးပါးဟာ  ပြင်းထန်တဲ့  ငတ်မွတ်မှုအန္တရာယ်နဲ့  ရင်ဆိုင်နေရပြီး ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်ဖို့  ပစ်မှတ်ထားနေတဲ့အကြောင်း ဇင်ဘာဘွေပန်းခြံနဲ့  တောရိုင်းတိရစ္ဆာန် အာဏာပိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တီနာရှီ ဖာရာဝို က CNN ကို စက်တင်ဘာ၁၆ရက်တနင်္လာနေ့မှာ ပြောပါတယ်။

အဆိုပါ သတ်ဖြတ်မှုတွေ ကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေနဲ့  ထိန်းသိမ်းစောင့်ရှောက်သူတွေဆီက ဝေဖန်မှုတွေ ဆက်တိုက်  ထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဇင်ဘာဘွေမှာ  ဆင်ကောင်ရေ ၈၄,၀၀၀ ကျော်ရှိနေတယ်လို့လည်း သိရပါတယ်။

 Ref: CNN

ပုံစာ။ ဇင်ဘာဘွေက တောဆင်ရိုင်းတွေကို တွေ့ရပုံ

Feature Image Credit: Jakada Travel

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *