ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးအပါအဝင် ၁၄ဦးကို ဖမ်းဆီးအရေးယူထား

YouTubeနှင့်TikTok Channelများ ပေါ်တွင်ပျံ့လွှင့်ခဲ့သော “ဘာမှှ မ မျှော်လင့်ပါနဲ့´´ဇာတ်ကားကို ရိုက်ခဲ့ သည့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး အ ပါအဝင် ၁၄ဦးကို ဖမ်းဆီးအရေးယူထား ကြောင်း သြဂုတ်လ၁၈ရက်နေ့က နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါ ရိုက်တာအဖြစ် ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer နှင့် သရုပ် ဆောင်များအဖြစ် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ဝင်း မိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်း ထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါ ရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့် သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ် လင်းဖြိုး(ခ)ဘရိုင်ယန် စသူတို့မှ ရိုက်ကူး ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်းရိုက်ကူးရာတွင် အမျိုးသမီး ငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ် ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ ကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာ တော်များ၏ အကျင့်သီလအား ပုတ်ခတ် စော်ကားသော အပြောအဆိုနှင့် ရိုင်းပျ သည့် စကားလုံးအသုံးအနှုန်းများ ထည့် သွင်းပြောဆိုသွားခဲ့ခြင်း၊သရုပ်ဆောင်အ ဖြစ်ပါဝင်သူများသည် ဗုဒ္ဓဘာသာဝင် များဖြစ်သော်လည်းကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့် ရဟန်းသံဃာတော် များ၏ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တ ရားများကို ထိခိုက်ကျဆင်း စေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြ သည့်အပြင် ဇာတ်လမ်းကို ကြည့်မြင်ရ သည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံး ကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အ ပြုအမူများသက်ရောက်ခဲ့ကြောင်း စိစစ် တွေ့ရှိရသဖြင့် ဖမ်းဆီးကာ တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *