ဆေးခန်းအချို့နှင့် Online Clinic တို့တွင် ကိုဗစ် ကာကွယ်ဆေးအတုများ ထိုးနှံပေးနေဟုဆို

ဆေးခန်းအချို့နှင့် Online Clinic တို့တွင် ကိုဗစ် ကာကွယ်ဆေးအတုများ ထိုးနှံပေး နေကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက၊ အ စားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ယခုအချိန်တွင် အချို့သောဆေးခန်းများနှင့် Online Clinic များသည် Online Facebook Page များမှ တစ်ဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID-19 Bivalent Original and Omicron BA4/ BA5 ကာကွယ်ဆေး နှင့် Lot No. AS7185B (Exp: Date 04July2023) ၊ Lot No. AS7144B, (Exp: Date 12May2023) ကာကွယ်ဆေးအတု များကို ထိုးနှံပေးနေကြောင်း သတင်းရရှိပါ သဖြင့် အများပြည်သူသိရှိရှောင်ရှားနိုင် စေရန် အသိပေးအကြောင်းကြားအပ်ပါ သည်” ဟု ဖော်ပြထားသည်။

ယင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ထိုးနှံပေးနေသော Covid-19 ကာကွယ်ဆေးများကို သွားရောက်ထိုးနှံကြ ပါရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *